Part -8

1K 88 87
                                    

# Unicode #

"ဒေါက်....ဒေါက်....ဒေါက်...."

"ကိုကို....ဒေါ်ကြီး......"

"မင်းကို...ငါ့ရှေ့ပေါ်မလာနဲ့ လို့ ပြောထားတယ်လေ!...နားမပါဘူးလား!!...."

တံခါးကို ဖွင့်ပြီး ထွက်လာတဲ့ ‌ထယ်ယောင်းကို ဂျောင်ဂု ပြောရုံဘဲရှိသေးထယ်ယောင်းက ဒေါသတကြီးအော်ပြောလိုက်တော့ ဂျောင်ဂု ကိုယ်လေးတုန်သွားကာ မျက်ရည်တွေဝိုင်းလာ၏။ ငိုချင်သည်ကို ထိန်းထားလို့ နှုတ်ခမ်းပါးတွေက တဆက်ဆက်တုန်နေသည်။

ထယ်ယောင်း ငိုချင်သည်ကို ထိန်းထားတဲ့ ဂျောင်ဂုရဲ့ မျက်နှာလေးကိုတွေ့တော့ တစ်ချက်တွေဝေသွား၏။

"ဟို....ဟို...ဒေါ်...ကြီးက...ကိုကိုကို~...မ..မနက်စာ~..."

"ငါ..မစားချင်ဘူး...နောက်တစ်ခါငါ့ရှေ့လုံးဝပေါ်မလာနဲ့~...ထွက်သွား~....ဒုန်း!!"

ဂျောင်ဂု ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောနေတုန်း ထယ်ယောင်းက ခပ်ပြတ်ပြတ်ပြောကာ တံခါးကို အသံမြည်အောင်ဆောင့်ပိတ်လိုက်တာကြောင့် ဂျောင်ဂု အလိုလို နောက်ကို တစ်လှမ်းဆုတ်မိ၏။

သူတကယ်ကို ထင်မထားပါ...ကိုကို အခုလို ပြောင်းလဲသွားမယ်ဆိုတာကိုပေါ့....ဒေါ်ကြီးကလည်း ခေါ်ခိုင်းသလို သူကိုယ်တိုင်ကလည်း ကိုကို စိတ်ပြေပြီထင်ကာ လာခေါ်မိတာပါ....

ဂျောင်ဂု နေရာတွင်ရပ်ကာ တံခါးကို တွေတွေကြီး စိုက်ကြည့်နေသည်။မျက်ရည်များကြောင့် အမြင်အာရုံဝေဝါးနေသော်လည်း...သူကတော့ စိုက်ကြည့်နေဆဲ....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကျစ်!!...မင်းကို ငါ့ရှေ့ပေါ်မလာနဲ့လို့ ပြောထားတာ နားမပါလို့ မကြားလိုက်တာလား~...အဖေအတိုင်းဘဲ..မျက်နှာပြောင်တိုက်ချက်!..."

ထယ်ယောင်း...ကျောင်းလည်း တက်ရ company အလုပ်တွေလည်းလုပ်ရတော့ အသက်အရွယ်နဲ့ မလိုက် ပင်ပန်းရသဖြင့် ဧည့်ခန်းထဲတွင်ထိုင်ကာ...မျက်လုံးမှိတ်၍ နားထင်ကို လက်ဖြင့်ဖိနေတုန်း နှာဝကို ကျီစယ်လာတဲ့ ချယ်ရီပန်းရနံ့လေးကြောင့် ဘယ်သူမှန်းသိလိုက်ကာ ချက်ချင်းအော်ထုတ်လိုက်၏။

Ray Of My Life  ( Complete)Où les histoires vivent. Découvrez maintenant