Part -22

1.5K 92 34
                                    

# Unicode #

"မင်းအမေနဲ့ ငါက ညီအစ်မတော်တယ်ဆိုတာသိလား...မင်းအမေရဲ့ မိဘတွေက ငါ့ကိုမွေးစားခဲ့တာလေ~.. "

"တစ်နေ့ မင်းအ‌မေက မင်းကိုယ်ဝန်‌နေ့စေ့လ‌စေ့ကြီးနဲ့ တစ်ရက်ပေါ့... ငါက အကူညီလိုလို့ ပိုက်ဆံတောင်းတော့ မင်းအဘိုးတို့က ဟေကို့ ကို အားလုံးလွှဲပြီး သွားပြီမလို့ ငါ့ကို ထပ်မပေးနိုင်တော့ဘူးတဲ့...မတရားလိုက်တာ..ငါ့ကျ‌တော့ အဖျားအနားလောက်ဘဲပေးပြီး မင်းအမေကို အကုန်လွှဲပေးလိုက်တယ်တဲ့...အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါတို့စကားများရင်းနဲ့ နှစ်ယောက်စလုံးကို မင်းကို လုပ်သလို လှေကား ပေါ်ကနေတွန်းချလိုက်တယ်လေ....ပွဲချင်းပြီးပဲ....ဟား....ဟား~....ဟား~...."

ကူးငယ် သူ့ရှေ့မှာ အရူးတစ်ယောက်လို အော်ရယ်နေတဲ့ အန်တီ မီနာကို ကြောက်လာ၏။ဘိုးဘိုးနဲ့ဘွားဘွားက သူ့တို့ဘာသာ ရန်ဖြစ်ပြီး ပြုတ်ကျတာမဟုတ်ဘဲ အန်တီ တွန်းလိုက်လို့ ပြုတ်ကျတာတဲ့....

ကူးငယ်ရဲ့ ဗိုက်ထဲမှာလည်း အရမ်းနာနေပြီ...သေးသေးလေးကလည်း တရစပ်ကန်နေ၏။

"နင့်အမေ ဟေကိုလည်း နင့်လိုဘဲ အဲ့မြင်ကွင်းတွေမြင်ပြီး နှလုံးရောဂါဖောက်နေတုန်း ဗိုက်နာလာတာဘဲ...ငါ့ကိုလေ...လက်အုပ်လေးချီပြီးသူ့ကို ဆေးခန်းလိုက်ပို့ဖို့ ပြောခဲ့တာ...မင်းပြောတဲ့ အတိုင်းဘဲတစ်ထပ်တည်း....ငါကလည်း သူ့ကို အမွှေလွှဲစာချူပ်မှာ လက်မှတ်ထိုးပေးမှ ဆေးရုံ ပို့ပေးမယ်လို့ပြောတော့ သူက ထိုးပေးတယ်လေ...ဒါပေမဲ့ ငါက ပို့မပေးခဲ့ဘူး... နင့်အဖေရောက်လာလို့သာ နင်က အခုထိလူလောကထဲမှာ နေနိုင်တာ...."

ဂျောင်ဂု မေမေ့ကို စာနာသွား၏။မေမေလည်း သူ့ကို မွေးတုန်းက ဒီလိုဘဲနာကျင်နေခဲ့မှာ.....မေမေ က အပြစ်မရှိဘဲသေခဲ့ရတာ.....အန်တီ့ကြောင့် သူ က‌မိခွင်ရင်ငွေ့တောင် မလှုံလိုက်ရဘဲ မွေးဖွားလာခဲ့ရသလို မိခင်ကိုတောင် မမြင်ဖူးလိုက်ပေ....

"ဘာလဲ သိပ်နာကျည်းသွားလား~..."

ကူးငယ်က နာကျည်းမုန်းတီးတဲ့အကြည့်တွေနဲ့ကြည့်နေတာကြောင့် မီနာ ခပ်ထေ့ထေ့ပြုံးကာ မေးလိုက်သည်။

Ray Of My Life  ( Complete)Où les histoires vivent. Découvrez maintenant