Part -17

1.6K 92 85
                                    


# Unicode #

"ဘာကြောင့် အိမ်ပြန်နောက်ကျတာလဲ......ကင်မ်! ဂျောင်!ဂု!!"

အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲက အံကြိတ်သံကြီးနဲ့ ပြောလိုက်တဲ့ ကိုကို့ကြောင့် ကူးငယ် လန့်သွားသည်။

"ဟို...ဟို..!ဂျီ...ဂျီ နဲ့ မုန့်ဝင်စားနေလို့ပါ..."

"မင်း ကိုယ် မင်း...အိမ်ထောင်သည်ဆိုတာရော သိသေးလား...ဟမ်!..."

"ကူး...ကူး...နောက်ဆို ဆင်ခြင်ပါ့မယ်..."

"ဟူး....ကောင်းပြီ...နောက်တစ်ခါ ငါ အိမ်ပြန်ရောက်တာနဲ့ မင်း ရှိနေပါစေ..."

"ဟုတ်ကဲ့ ကိုကို..."

ထယ်ယောင်း အပေါ်ထပ်တက်သွားတော့ ဂျောင်ဂုက သူ့ရဲ့ စူစပြုနေတဲ့ ဗိုက်ကလေး ကို လက်ဖြင့် ဖွဖွလေး ပွတ်၍...

"လန့်မသွားနဲ့နော် သေးသေးလေး...ဒယ်ဒီက စိတ်ပူလို့ ပါးပါးကို ဆူသွားတာ..."

ဂျောင်ဂု ကလေးလေးကို ဒီ အခြေနေတွေကြားမှာ ဘယ်လိုမွေးရမယ်ဆိုတာ မသိ။

ကိုကိုက သူ့ကို မုန်းနေတာနဲ့ ကလေးကို အမြင်မကြည်ဖြစ်လာမှာကို စိုးရိမ်မိသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဟို...ကိုကို...ဟို...ဟိုလေ..."

သူ့ဘေးနားကို နွားနို့ တစ်ခွက်လာပို့ပြီး တစ်ဟိုဟို ဖြစ်နေတဲ့ဂျောင်ဂုကြောင့် ထယ်ယောင်း laptop ကို ပိတ်၍ စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ညအိပ် ချည်ဝတ်စုံလေးနဲ့ ဂျောင်ဂုက ကပိုကရို နိုင်‌တာတောင် လှနေ၏။

"ဘာပြောမလို့လဲ...ငါစိတ်မရှည်ဘူး..မြန်မြန်ပြော!!"

"ကူး...ကူး..မေးစရာ ..ရှိလို့ပါ.."

"မေး~~."

"ဟို...ကလေး~...ကိုကို...ကလေး လိုချင်လားဟင်~...."

"ဘာကိစ္စ လာမေးတာလဲ...ဘာလဲ...ကိုယ်ဝန်ဆောင်နိုင်ဆေး သုံးမလို့လား...!"

"မဟုတ်...မဟုတ်ပါဘူး...ကိုကိုရဲ့...ကူး က ဒီ အတိုင်း သိချင်လို့ပါ...."

"ငါက ကလေး လည်း မချစ်တတ်သလို...မင်းနဲ့ ပေါင်းစည်းပြီး ဖြစ်လာမဲ့ ကလေးကိုလည်း ရွံ့တာ မလို့ ယူဖို့မစဉ်းစားနဲ့...ငါကတော့ အသိအမှတ်ပြုမှာ မဟုတ်ဘူး..."

Ray Of My Life  ( Complete)Where stories live. Discover now