Part -21

1.4K 90 45
                                    


# Unicode #

"အစ်ကို ထယ်ယောင်း ..ဒီနေရာဆိုတာ ကျိန်းသေပါတယ်နော်..."

"သေချာတယ် ဂျီမင်...ရှာကြရအောင်~..."

ဦးလေးကင်မ်တို့ ကားအက်ဆီးဒန့်ဖြစ်တဲ့နေရာရောက်တော့ သူတို့အားလုံး တရုတ်စကားပင်ကို လှည့်ပတ်ရှာဖွေကြ၏။

သူတို့အရပ်လေးမျက်နှာ အနှံ့ရှာဖွေကြသော်လည်း တရုတ်စကားပင်နဲ့တူတာမတွေ့....

အချိန်အတော်ကြာအောင်ရှာပြီးတဲ့ နောက်မှာ အားလုံး ခြေကုန်လက်ပန်းကျလာ၏။

"အစ်ကို...ဟိုဆော့ စကားဝှက်ရဲ့အဖြေက မှားနေမယ်ထင်တယ် ဒီနေရာမှာ တရုတ်စကားပင်မ‌ပြောနဲ့ ..ဘာအပင်မှတောင်မတွေ့ဘူး..."

တကယ်လည်း ဟုတ်ပါတယ်...ကန္တရကြီးလို ပြောင်သလင်းခါပြီး သစ်ပင်၊ငှက် မတွေ့ရ သက်ရှိဆိုလို့ သူတို့ လေးဦးသာရှိသည်။

"တစ်ခုခုတော့မှားနေပြီ ထင်တယ် ထယ်ယောင်း...ငါတို့ ပြန်စဉ်းစားရမယ်ထင်တယ်...."

"ယွန်ဂီပြောတာမှန်တယ်...ငါတို့ပြန်ကြ‌ရအောင် နောက်ထပ်တစ်ခုကို စဉ်းစားရတာပေါ့..."

သူတို့လည်း ဆက်မရှာတော့ဘဲ ပြန်လာခဲ့ကြ၏။တစ်လမ်းလုံး အတွေးတွေဖြင့် လေးယောက်သား တိတ်ဆိတ်နေကြသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

»နောက်ဆုံးကြိမ် သတိပေးခြင်းပါ...အမှုကို ဆက်စုံစမ်းခိုင်းနဲ့တော့ မဟုတ်ရင် ကျိုးဆက်ကမကောင်းဘူး....ထယ်ယောင်းကို မင်းတားရင်မှာပါ..အသက်ရှင်ချင်သေးတယ်ဆို သေချာပေါက်တားပါ...မင်းအသက်ကို နှမြောသေးရင်ပေါ့...«

ဂျောင်ဂုလည်း မက်ခ်ျဆေ့စ်ကို ဖတ်ပြီးတာနဲ့ ဖုန်းကို ပိတ်ထားလိုက်သည်။

သူဘယ်လို သတ္တိမျိုးနဲ့ ကိုကို့ကို တားရမှာလဲ...ကိုကိုက အမှုမှန်ကို စုံစမ်းဖို့ အရမ်းစိတ်အားထက်သန်နေတာ...သူ မတားရဲဘူး...ဖေဖေတို့အတွက်လည်း မတရားဘဲနေမှာ....သူက ဘယ်လိုအကြောင်းပြချက်တွေနဲ့တားရမှာလဲ......

Ray Of My Life  ( Complete)Où les histoires vivent. Découvrez maintenant