Part -13⚠️

2K 102 69
                                    

# Unicode #

"ကိုကို~....ကိုကို့ လက်က ဘာဖြစ်တာလဲဟင်..."

မနက်စာ စားပွဲဝိုင်းမှာ သရေစာစားနေတဲ့ ကိုကိုက လက်မှာလည်း သူ့လို ပတ်တီး နှင့်ပင်။

"ဘာဘဲ...ဖြစ်ဖြစ် မင်းအပူမပါဘူး...အဟမ်း...လက်ကို ဆေးသေချာထည့်...အိမ်အလုပ်ကို လက်ကောင်းတဲ့ အချိန်မှ လုပ်တော့ ...."

"ဟုတ်ကဲ့ ကိုကို...."

ထယ်ယောင်းလည်း စားလက်စကို ရပ်၍ ကုမ္မဏီသွားရန် ထွက်သွားသည်။သေချာကြည့်မယ်ဆိုရင် ခြေထောက်က ထော့နဲ့ထော့နဲ့ နှင့်ပင်။

ကူးငယ်...ကိုကို ကို မမုန်းဘဲ နေနိုင်သည်က ဘာကြောင့်မှန်းတော့မသိပေမဲ့...ထွက်သွားဖို့တော့ စိတ်ကူးမရှိပါ...

"ကူး...ဘာကြောင့် ကျောင်းမလာတာလဲ...ဟင်...လက်က ဘာဖြစ်တာဘဲ...ဘယ်သူလုပ်တာလည်း...ဂျီ့ကိုပြော..."

အိမ်ထဲဝင်လာတဲ့ ဂျီမင်က ကူးလက်က ပတ်တီးကို မြင်တော့ လက်ကလေးကို ကိုင်၍ မေးလိုက်၏။

"ဟို...ဟို..."

"ဘာတွေ...တဟိုဟို ဖြစ်နေတာလဲကူး..."

"ကိုကို..ပြန်ရောက်နေပြီ...ဂျီဂျီ.."

"ဟမ်!..မဟုတ်မှ..ဒီဒဏ်ရာက သူလုပ်တာလား..."

"ဟုတ်...ဟုတ်တယ်....ဂျီ..."

"သူက...အခုထိ မကျေသေးဘူးလား....အဲ့လူ ဘယ်မှာလဲ...ငါနဲ့တွေ့မယ်..."

ဂျီမင်က အင်္ကျီလက်မောင်းတွေကို မတင်ကာ ဖိုက်တာ ပုံစံမျိုးနဲ့ပြောတော့ ဂျောင်ဂု ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရ၏။တော်ကြာသူ့ဘက်လှည့်လာမှာစိုးလို့။

ဂျီမင်က လူကောင်သေးတာနဲ့ မလိုက် စိတ်ကြီးကာ..အရမ်းစွာ၏။

အခုလည်း ကိုကို့ကို ရန်လုပ်မယ်တကဲကဲ။ကိုကိုနဲ့ ယှဉ်ရင် သူက ကလေးသာသာကို။

"ကိုကို..မရှိဘူး..ဂျီရဲ့..စိတ်လျှော့လိုက်နော်...ငါ့သူငယ်ချင်းလေးက လိမ္မာပါတယ်.."

"မင်းပြောလို့ ငါ စိတ်လျှော့လိုက်တာနော်...မဟုတ်ရင် ငါ သူ့ ကုမ္မဏီအထိ သွားရန်ရှာမှာ..."

"အေးပါကွာ...ဒါနဲ့ မင်းရော ကျောင်းမတတ်ဘူးလား..."

"ကူးမရှိတော့ ဂျီလည်း ပျင်းတာနဲ့ လစ်ထွက်လာတာ..ဟဲ...ဟဲ..."

Ray Of My Life  ( Complete)Donde viven las historias. Descúbrelo ahora