Part -9

1K 82 76
                                    

# Unicode #

"ဪ....ဘယ်သူများလဲလို့...လူသတ်သမားသားဘဲ..အားလုံး သိကြတယ်မလား.. Kim company ပိုင်ရှင် ကင်မ်ဆော့ဂျင်ကိုသတ်တဲ့ ဂျွန်နမ်ဂျွန်းရဲ့ သားလေ...."

ကန်တင်း ထဲကို နေ့လည်စာ စားရန် သူနဲ့ ဂျီမင် ဝင်လာတာ မြင်တော့ ယူရီတို့က အသံကျယ်ကျယ်နှင့် ပြောသဖြင့် အားလုံးရဲ့ အထင်သေး ရွှံ့ရှာတဲ့ အကြည့်တွေ သူ့ဆီရောက်လာ၏။

သူ့ ဝမ်းနည်းကာ ‌နေရာမှာတွင် လဲကျသွားချင်မိသည်။

"သူမိုလို့ အရှက်မရှိ ကို ထယ်ရဲ့ အရိပ်မှာနေတယ်...ကိုထယ်ကလည်း သူ့နဲ့ မနေချင်လို့ ..နိုင်ငံခြားတောင် ထွက်သွားပြီ...နင်တို့ အားလုံးသိလား...သူက ကိုထယ့် အမွေတွေကို လိုချင်နေတာလေ အဲ့ကြောင့် အတင်းကပ်တွယ်ပြီးနေနေတာ...."

"ယောကျာ်းလေးတန်မဲ့ဟယ်..~"

"သူလည်း..သူ့အဖေ အချိုးတိုင်းဘဲ..လာမှာပေါ့..."

"ရုပ်လေးသနားကမားနဲ့..မထင်ရက်စရာ..."

တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့ စကားသံများက သူ့နားထဲမှာ ပဲ့တင်ထက်နေသည်။

"မင်းတို့..ပါးစပ်တွေပိတ်လိုက်တော့...."

"ခွမ်း~..ဒေါင်!....ဒေါင်!...ခွမ်း~..."

ဂျီမင်ပြောလည်းပြော ဘေးစားပွဲမှာရှိတဲ့ အစားအသောက်ဗန်းတွေကို မှောက်ပစ်လိုက်တော့ ကန်တင်း တစ်ခုလုံး ငြိမ်ကျသွား၏။

"သူများ အကြောင်းပြောဖို့ အားယားနေတဲ့ ပါးစပ်တွေ ထမင်းစားပြီး ကိုယ့်ဘာသာ ကိုယ် ပိတ်မလား..ငါလာပိတ်ပေးရမလား!!...."

အားလုံးကို လက်ညိုးထိုးကာ ပြောတော့ အကုန်လုံးနေရာမှာတောင့်တောင့်ကြီး ရပ်နေကြ၏။...

ဂျီမင်ရဲ့ အဖေက ဒီကျောင်းရဲ့ main share ဝင် ဖြစ်တာကြောင့် သူတို့ လန့်ကျတယ်လေ။

"ပြီးတော့ မင်းတို့....!"

ချွဲညီအစ်မနှစ်ယောက်ဘက်ကို လှည့်ကာ...

"ဂျောင်ဂု..ရဲ့ မကောင်းကြောင်းတွေ ပြောရဲ ပြောကြည့် ငါနဲ့တွေ့မယ်...အလကား အားယားနေလို့ သူများကို အနိုင်ကျင့်မဲ့ အစား ကျောင်းထဲမှာ အမှိုက်လိုက်ကောက်နေပါလား...."

Ray Of My Life  ( Complete)Dove le storie prendono vita. Scoprilo ora