Part -7

1K 82 40
                                    


# Unicode #

နမ်ဂျွန်း ငယ့် ရဲ့ ဈာပနကို အဝေးကနေကြည့်ရင်း ငိုကြွေးမိ၏။နောက်ဆုံး အကြိမ်လေးမှာတောင် သူအနားမှာ မရှိပေးနိုင်လိုက်ပေ။

သားထယ်ကလည်း သူ့ကို မုန်းနေသလို သတ်ဆိုင်ရာတွေကလည်း ဖမ်းဝါးရမ်းထုတ်ကာ အပူတပြင်းရှာနေကြသည်။

သူ့လက်ထဲက စာတိုလေးကို ကြည့်၍ ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။

စာက သူ့ကို ငယ်နဲ့ ပတ်သတ်ပြီး အကြောင်းစုံသိချင်ရင် ချိန်းထားသည့်နေရာ လာဖို့ရေးထား၏။

ရဲတွေတောင် သူဘယ်မှာရှိမှန်း မသိတာ ထိုလူတွေက ခြေရာခံနိုင်တာတော့ အံ့ဩမိသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူ့ကားကို စက်ရုံပျက်တစ်ခုရှေ့မှာ ထိုးရပ်ကာ စက်သတ်လိုက်သည်။

ပတ်ဝန်းကျင်အနေအထားက တိတ်ဆိတ်ကာ လူသွားလူလာ ရှင်း၏။ဒုစရိုက်သမားတွေ ပျော်မွေ့ရာနေရာလို့ ခေါ်ဆိုနိုင်သည်။

စက်ရုံထဲဝင်လိုက်တော့ သူ့ကို အသင့်စောင့်နေကြသည့်...မျက်နှာဖုံးအမဲရောင်လူတစ်စုနဲ့ ငွေရောင်မျက်နှာဖုံးပိုင်ရှင်....

ဘယ်သူကထင်မှာလဲ...သူ့လိုလူက မကောင်းတာတွေကို ဦးဆောင်လုပ်နေတယ်ဆိုတာ.....

ငယ်နဲ့သူတောင် စသိသိချင်းအံ့ဩသွားလောက်တဲ့ အထိပင် ထိုလူက ဟန်ဆောင်ကောင်းခဲ့၏။

"ရောက်လာပြီလား..."

ကြားရသည့် အသံနဲ့မှမလိုက် ကောက်ကျစ်တဲ့သူ....မြေခွေး မျက်နှာဖုံးနဲ့ လိုက်တဲ့ သူ...

"ရောက်လို့ မြင်နေရတာပေါ့!.."

"ဟက်~...ထိုင်ပါအုံး..."

သူ့စကားအဆုံး သဘောကျသလို တစ်ချက်ရယ်ကာ သူ့ရှေ့ကခုံမှာထိုင်ခိုင်းနေ၏။

"ငါထိုင်ဖို့ လာတာမဟုတ်ဘူး..."

"အိုး....ထိုင်ဖို့လာတာမဟုတ်မှန်းသိသလို..ငါကလည်း ထိုင်ဖို့ ခေါ်လိုက်တာမဟုတ်ဘူး...."

"မင်းနဲ့အေးဆေး ဆွေးနွေးစရာရှိလို့ ထိုင်ခိုင်းတာ..."

နမ်ဂျွန်း ဘာမှ ပြောမနေတော့ဘဲ နေရာမှာသာ ဝင်ထိုင်လိုက်သည်။

Ray Of My Life  ( Complete)Onde histórias criam vida. Descubra agora