Extra

1.9K 94 87
                                    

#Unicode #

မနက်ခင်းနေရောင်ခြည်မှုန်ပျပျက အခန်းပြတင်းပေါက်ကနေ သူ့အပေါ်ထိုးကျလာတာမို့ အိပ်မှုန်စုံမွှား မျက်လုံးအချို့နဲ့ ထထိုင်လိုက်မိသည်။အရင်လို ပေါ့ပေါ့ပါးပါးမထနိုင်တာကြောင့် တော်တော်လေးအချိန်ယူရ၏။

" ကျွတ်စ်! ကျွတ်စ်! "

အားယူကာ ထထိုင်လိုက်ပြီး သူ့ဘေးနားမှာ အိပ်နေကြတဲ့ သားအဖကို ကြည့်လိုက်မိသည်။

သေးသေးလေးက သူ့ ဒယ်ဒီရဲ့ ရင်ဘတ်ပေါ်မှာ မှောက်လျက်လေး အိပ်ပျော်နေပြီး သရေတွေ စီးကျနေ၏။သူနဲ့တူပြီး ချစ်စရာယုန်သွားလေးတွေ ရှိတဲ့ သေးသေးလေးက ဒယ်ဒီကင်မ်ထယ်ရဲ့ အသည်းကျော်ပေါ့...

နာရီကိုကြည့်လိုက်တော့ မနက်ခြောက်နာရီထိုးနေပြီ ..ပြန်အိပ်လို့မရတာကြောင့် ဖြေးဖြေးချင်းထပြီး အိပ်ပျော်နေတဲ့ သားအဖနှစ်‌ယောက်ရဲ့ နဖူးလေးတွေကို ဖွဖွ နမ်းလိုက်သည်။

" Morning ကိုကို "

" Morning သေးသေးလေး "

ပါးစပ်ကလေးတွေဟကာ အိပ်ပျော်နေတဲ့ သားအဖကတော့ မသိပေမဲ့ သူတို့ သားအဖကို ကြည့်ပြီး ကူးငယ် ‌ပြုံးနေမိ၏။ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်သည်။

ထယ်ယောင်း အိပ်ရာက နိုးတော့ သားငယ်က သူ့ရဲ့ ရင်ဘတ်ပေါ်မှာ ဖားပျံလေးလို ကုတ်ကတ်ပြီး တက်အိပ်နေတဲ့ သေးသေးလေးကြောင့် ပြုံးလိုက်မိသည်။အခုဆို သားငယ်က ခုနှစ်နှစ် ကျော်နေပြီလေ..ဒါပေမဲ့ အခုထိ စကားမပီသေး အဲ့ဒါကလည်း သေးသေးလေးအတွက် လူချစ်များနေရတဲ့ အချက်တစ်ခုပင်...

သားငယ်ကို ကြည့်နေရာမှ ကူးငယ်ဘက်ကိုလှည့်ကြည့်လိုက်တော့ ကူးငယ်အိပ်တဲ့နေရာက လွတ်နေတာကြောင့် ရင်ဘတ်ပေါ်က သားငယ်ကို မနိုးအောင် ဖြေးဖြေးချကာ..ကူးငယ်ကို လိုက်ရှာမိသည်။

ကိုယ်ဝန်က ခုနှစ်လ တည်းရောက်နေပြီမို့ စိတ်မချလို့ သူ့ကို အမြဲနိုးဖို့ပြောပေမဲ့ ခေါင်းကြောမာတဲ့ အုးန်သီးခေါင်းလေးကတော့ စကားနားမထောင်..

ဟုတ်ပါတယ်...အခုဆို သူနဲ့ ကူးငယ်ရဲ့ ဒုတိယရင်သွေးလေးတွေ ကူးငယ်က လွယ်ထားရပြီ...အဲ့ဒါကလည်း သေးသေးလေးရဲ့ တောင်းဆိုချက်ကြောင့်..

Ray Of My Life  ( Complete)Onde histórias criam vida. Descubra agora