Part -25

1.6K 98 33
                                    

# Unicode #

"ဒေါက်တာ...ဒီလူတွေက ကျွန်တော်နဲ့ ဘာတော်လဲဟင်...ပြီးတော့...ကျွန်တော့်နာမည်ကရောဘာလဲ..."

"အစ်ကို ပြောပြမယ်....သေချာနားထောင်နော်...မင်းနာမည်က ကင်မ်ဂျောင်ဂု...သူ့က မင်း အမျိုးသား ကင်မ်ထယ်ယောင်း မင်းတို့လက်ထပ်ထားတာ...နှစ်နှစ်ကျော်ပြီ...အိပ်နေတဲ့ ကလေးက မင်းနဲ့ ထယ်ယောင်းရဲ့ ကလေး ကင်မ်ထယ်ဂု...သူက ဂျီမင် မင်းရဲ့ အချစ်ဆုံးသူငယ်ချင်း...ဂျီမင်ဘေးက ယွန်ဂီ မင်းသူငယ်ချင်းရဲ့ ခင်ပွန်း...ငါကတော့ ဟိုဆော့ မင်းကိုယ်ဝန်နဲ့တုန်းက မင်းရဲ့ OG ဆရာဝန်...."

"ဟမ်...မ..မဖြစ်နိုင်တာတွေ မပြောပါနဲ့ ဒေါက်တာ ကျွန်တော်က ယောကျာ်းလေးလေ...ဘယ်လိုလုပ် ဗိုက်ကြီးနိုင်မှာလဲ...."

"အစ်ကို တကယ်ပြောနေတာ...မင်းက သားအိမ်ပါလို့ ကလေးမွေးနိုင်တာ..."

ဂျောင်ဂု တွေးစစဖြစ်သွား၏။

* ဒီလူတွေ ငါ့လာ လိမ်နေတာလား...မဖြစ်နိုင်တာတွေပြောနေတယ်...ရူးနေကြတာလား...ဒါပေမဲ့ ဟိုကလေးလေးက ငါနဲ့တော်တော်တူတယ်...မျက်ဝန်းဝိုင်းဝိုင်းလေးတွေရော၊ နှာခေါင်းလုံးလုံးလေး ပြီတော့ ယုန်သွားလေး..အဲ့တာတွေကအစတူနေတာ..ဘာကြောင့်ပါလိမ့်...*

"ကူး...ဂျီတို့ ပြောနေတာတွေက အမှန်ပါ...တစ်ခုမှ လိမ်မထားဘူး...ယုံပါနော်..."

ဂျောင်ဂု ဘာမှ မပြောဘဲ ဂျီ ဆိုတဲ့သူကိုသာ စိုက်ကြည့်နေမိသည်။သူ့စိတ်ထဲမှာတော့ ရင်းနှီးသလို ခံစားရ၏။ ထို အချိန် အောင့်ပြီးတင်းလာတဲ့ ရင်ဘတ် တစ်နေရာကြောင့် လူက နေရ ခက်လာသည်။

"ဒေါက်တာ...ကျွန်တော့် ရင်ဘတ်နားက တင်းနေတယ်...ဘယ်လို ခံစားချက်ကြီးလဲ မသိဖူး...နာလည်း နာတယ်...ပြီးတော့ အောင့်တယ်..."

ဟိုဆော့ ဂျောင်ဂု ရင်ဘတ်ကို ကြည့်လိုက်တော့ နို့သီးခေါင်းနေရာလေးက အနည်းငယ်စူကာ နို့ရည်လေးတွေ စိမ့်ထွက်နေ၏။

"ထယ်ယောင်း...သေးသေးလေး ဒီနေ့ နို့မစို့ ဖြစ်ဘူးလား..."

"ဟုတ်တယ်...အစ်ကို...ကျွန်တော်လည်း meeting ရှိတာနဲ့ မတိုက်ဘဲ ထွက်လာခဲ့တာ..."

Ray Of My Life  ( Complete)Where stories live. Discover now