Part -11

1.2K 87 73
                                    

# Unicode #

စံအိမ်မှာ ကူးနဲ့ ကိုကိုသာ ရှိတော့သဖြင့် စံအိမ်ရဲ့ သန့်ရှင်းရေးကအစ ကူးငယ်ကလုပ်ရ၏။

ဂျောင်ဂုလည်း ဟင်းချက်ရုံသာလုပ်ဖူးသဖြင့် အလုပ်ကြမ်းများကို လုပ်ရသောအခါ သူ့လက်ကလေးတွေက နီရဲနေပြီ...အခုလည်း....မီးဖိုချောင်ကိစ္စ ပြီးလို့...ကြမ်းတိုက်နေခြင်းပင်.....

ထိုအချိန်အိမ်ရှေ့မှကားစက်ရပ်သံနှင်အတူ...အိမ်ထဲဝင်လာသော ဒေါက်ဖိနပ်သံများကိုကြား‌လိုက်ရ၏။

သူလည်း...ကိုယ့်ကိစ္စမဟုတ်တာနဲ့ မသိချင်ယောင်ဆောင်ကာ ကြမ်းတိုက်နေလိုက်သည်။

"ဟား...ကိုထယ်တို့ပြန်ရောက်မှဘဲ...လူမှန်နေရာမှန်ရောက်သွားတော့တယ်..."

ကြမ်းတိုက်နေသော ဂျောင်ဂုကိုကြည့်၍...ယူရီက ပြောလိုက်တော့...

"ဟုတ်ပါ့မမရယ်...အရင်ကဆို...သူ့ကိုယ်သူ..စံအိမ်ပိုင်ရှင်လိုစတိုင်မျိူးနဲ့ ကိုထယ်လည်းရောက်လာရော ကျွန်က ကျွန်နေရာ ရောက်သွားပြီ..."

ဂျောင်ဂုလည်း...ယူရီတို့စကားများကိုသည်းမခံနိုင်တော့သည့်အဆုံး...ကြမ်းတိုက်ဝတ်ကိုချကာ....

"ကူးဘာသာကူး...ကျွန်ဘဲဖြစ်ဖြစ် သခင်ဘဲဖြစ်ဖြစ် မမယူရီတို့နဲ့ မဆိုင်ပါဘူး...စံအိမ်ကို ဘာကိစ္စရှိလို့လာတာလဲ..."

"ငါတို့က ကိုထယ့်ဆီလာတာ....ဘယ်မှာလဲကိုထယ်..."

"ကိုကိုအပေါ်ထပ်မှာ...အိပ်နေတယ်...ပြန်လိုက်ကြပါ..."

"ငါတို့ဘာသာ ပြန်ချင်မှပြန်မယ် ....နင့်အကြောင်းမပါဘူး....ဖယ်စမ်းပါ..."

ဆိုမီက....‌လှေကားနားမှာ ပိတ်ရပ်နေတဲ့ ဂျောင်ဂုကို ဖယ်ရန်ပြောလိုက်၏။

"ဆိုမီ...,ကိုကိုက..အိပ်နေတာ...မသွားပါနဲ့..."

"ဖယ်စမ်း!!!"

"ကိုထယ်....ကိုထယ်.....ကိုထယ်...."

ယူရီတို့ ဂျောင်ဂုကို ဘေးသို့ တွန်းထုတ်လိုက်ပြီး...ထယ်ယောင်းနာမည်ကို ခေါ်ကာ အပေါ်ထပ်တက်သွား၏။

ဂျောင်ဂုလည်း...သူတို့နှစ်ယောက်နောက်လိုက်သွားလိုက်သည်။

Ray Of My Life  ( Complete)Where stories live. Discover now