Part -19

1.7K 90 44
                                    

# Unicode #

"ဂျီ...မောင် တို့ကို ဘာပြောမလို့ခေါ်လိုက်တာလဲ..."

ဂျီမင်က အရေးကြီးကိစ္စ ပြောစရာရှိတယ်ဆိုပြီး သူတို့သုံးယောက်ကို ခေါ်လို့ အခု ဟိုဆော့ရဲ့ ဆေးခန်းမှာရောက်နေကြသည်။နေ့လည် ခင်းမို့ ဆေးခန်းပိတ်ထားသဖြင့် သူတို့လေးယောက်သာ ရှိ၏။

"ဂျီ..မပြောခင် အရင်ဆုံး ဒီ laptop ထဲက ဒေတာ တွေကို ကြည့်လိုက်..."

ဂျီမင် ကြည့်ခိုင်းတဲ့ laptop ကို ထယ်ယောင်း မြင်ဖူးသည်။

"အဲ့...အဲ့~... laptop က ဦးဖေရဲ့ laptop~..."

"ဟုတ်တယ် ..အစ်ကို ထယ်ယောင်း ကူးငယ်...ကျွန်တော်ကို ပေးထားတာ..."

"ဟမ်!..ဂျောင်ဂုက ဂျီ့ကို ပေးတယ်..."

"အရင်ဆုံး အချက်အလက်တွေကို ကြည့်လိုက်...လွန်ခဲ့တဲ့ ခုနှစ်နှစ်ကျော် ရှစ်‌နှစ်လောက်က ဖိုင်တွဲတွေရှိတယ်..."

ယွန်ဂီက laptop ကို ယူ၍ ကျွမ်းကျင်စွာ ဖွင့်ပြီး ဒေတာတွေကို ယူ ကြည့်လိုက်သည်။

သူတို့ သုံးယောက်လုံး laptop ထဲ ခေါင်းရောက်မတတ်ကြည့်နေကြ၏။

"ဒါ..ဒါတွေက ငွေကြေး လိမ်လည်မှု စာရင်းတွေမလား!..."

ဟိုဆော့ ဆရာဝန်ပေမဲ့ မိဘတွေက စီးပွားရေး လုပ်ငန်း ရှင်တွေမို့ ဒီလောက်တော့ သိသည်။

"ဟုတ်တယ် အစ်ကို ဟိုဆော့...ဂျီ..ဘာလို့ မောင်တို့ကို ပြတာလဲ..."

"အဲ့ laptop က အစ်ကို ထယ်ယောင်း တို့ လက်မထက်ခင်တည်းက ကူးက ကျွန်တော့်ကို ပေးထားတာ...ဦးဦး ကင်မ်တို့ အသတ်ခံရတဲ့ အမှုကို ပြန်စုံစမ်းချင်လို့တဲ့..."

ထယ်ယောင်းတို့ ဂျီမင်ပြောတာကို သေချာနားထောင်နေကြသည်။

"မှတ်မိလား~...ဂျီ အစ်ကို ထယ်ယောင်းကို ကူး ကို လက်ထပ် ဖို့ လာပြောတဲ့နေ့လေ~..."

"အာ~...မှတ်မိပြီ~..."

"ဒါနဲ့ ဂျောင်ဂုက ဘာကြောင့် အဲ့အမှုကို ပြန်ဖော်ချင်တာလဲ..တစ်ခုခုကို သိထားလို့လား..."

"သိတယ် အစ်ကို ဟိုဆော့ ဦးလေး နမ်ဂျွန်းမဆုံးခင်က ‌ကူးဆီကို ရောက်လာတယ်မလား အစ်ကို ထယ်ယောင်း..."

Ray Of My Life  ( Complete)Место, где живут истории. Откройте их для себя