Part-1(Unicode)

1.6K 42 0
                                    


အလင်းရောင်စူးစူးကြောင့် မျက်လုံးကို
ဖွင့်ကြည့် လိုက်တော့ ရင်းနှီးမှုမရှိတဲ့ မျက်နှာ
ကျက်တစ်ခု....

"သတိရလာပြီလား"

သူစိမ်းတစ်ယောက်ရဲ့ အသံ

"ဟုတ်ကဲ့"

ထထိုင်ဖို့ကြိုးစားလိုက်တဲ့အချိန် ခြေထောက်
နှစ်ချောင်းလုံးက လှုပ်လို့မရ။

"ထလို့မရသေးဘူးလေ အခုမှသတိရလာ
တာကို"

သူက ကျွန်တော့ကို ထူပေးတယ်။ သူ့အကူ
အညီနဲ့ ထိုင်လိုက်ပြီးမှ

"ကျွန်တော် ဘယ်နေရာကို ရောက်နေတာ
လဲ။ ကျွန်တော့ ခြေထောက်တွေက ဘာလို့
လှုပ်လို့ မရတာလဲ"

"မမှတ်မိဘူးလား။ မင်းကားတိုက်ခံရတာ
လေ။ ဆေးရုံကိုတော့ မိန်းကလေးတစ်
ယောက် လာပို့တာ"

ကျွန်တော်စဥ်းစားကြည့်တော့မှ ဟုတ်တာပဲ။
မိန်းကလေးဆိုတာကြောင့် သူ့ကြောင့်
ကားတိုက် သွားတဲ့ ငါ့ကို ပစ်မထားခဲ့လို့ တော်သေးတာပေါ့။

ကျွီ........

တံခါးဖွင့်ပြီး ဝင်လာတဲ့ မိန်းကလေး တစ်
ယောက်....။

"ရှင်သတိရလာပြီကို"

"ဗျာ"

"သူက မင်းကို ဆေးရုံ ခေါ်လာပေးတဲ့ မိန်းက လေးလေ"

"တို့ နာမည်က Love ပါ။ ရှင့်ကို တို့ကားနဲ့ တိုက်မိတာလေ။ ရှင့်ကို တွန်းလိုက်တဲ့ မိန်းကလေးက ရှင်လည်း ကားတိုက်သွား
ရော ထွက်ပြေးသွားတာ။ ကျွန်မကားနဲ့ တိုက်မိတဲ့ ရှင့်ကို ကျွန်မပဲ ဆေးရုံ လိုက်ပို့
ပေးတာပါ။

ပြီးတော့ ရှင့်ခြေထောက်တွေ အခုလိုဖြစ်
သွားတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်။ ရှင် လမ်းပြန်လျှောက် နိုင်တဲ့အထိ ကျွန်မ ကူညီပါမှာ"

"ကျွန်တော့ခြေထောက်ကဘာဖြစ်သွားတာလဲ"

"ကားတိုက်မှုကြောင့် အောက်ပိုင်းသေသွား
တာပါ  အချိန်ယူပြီးကုသရင်ပြန်ကောင်း
လာမှာပါ"

နွေခေါင်ခေါင် မိုးကြိုးပစ်ချသလို ခံစားလိုက်
ရတယ်။ ရုတ်တရုက်ကြားလိုက်ရတဲ့ အကြောင်းအရာအပေါ် လက်ခံနိုင်စွမ်းလည်း မရှိသလို။ ဒေါသလည်းထွက်မိတယ်။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now