Part-26(Unicode)

250 10 1
                                    

အရေးပေါ် အခန်းကနေ ရွေ့ပြီးတာ တစ်ပတ်
ပြည့်တော့မယ့် အချိန်ထိ သတိမရသေးတာ
ကြောင့် ရင်ပူသလို စိတ်ပါပူလာတယ်။ နေ့တိုင်း
မျက်ရည် မကျမိတဲ့ နေ့မရှိသလို မြန်မြန်သတိ
ရလာပါလို့ ဆုတောင်းမိတာလည်း နေ့တိုင်း
လိုလိုပါပဲ။

အခုလည်း ကုတင်ဘေးနားမှာ ထိုင်ပြီး အကို့ မျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်ရင်း ရင်ထဲက ခံစားရ သမျှကို ထုတ်ပြောလိုက်တယ်။

အကို ကားတိုက်ခံရတဲ့ အချိန်က ကျွန်တော် ဘယ်လောက် လန့်သွားတယ်ဆိုတာ။ အကို နှလုံးခုန်ရပ်သွားတဲ့ အချိန်မှာ ကျွန်တော် အသက်
ရှူဖို့တောင် မေ့သွားမိတယ်ဆိုတာကို ပြောပြချင် သေးတယ် အကို။

နာကျင်ရတဲ့ အချိန်ပဲဖြစ်ဖြစ် ပျော်ရွှင်ရတဲ့ အချိန်
ပဲ ဖြစ်ဖြစ် ခိုဝင်လို့ရတဲ့ နွေးထွေးတဲ့ အကို့ရဲ့ ရင်
ခွင်အကျယ်ကြီး ထဲဝင်ပြီး လွမ်းခဲ့ရသမျှ ပြောပြ
ချင်တယ် အကို။

အကို သတိရလာရင်လေ အကို့အနားမှာ တစ်
စက္ကန့်လေးတောင် မခွာပဲ ပီကေလိုကပ် နေဦး
မှာ သတိရလာပါတော့ အကိုရယ်။

အကို့ရဲ့ Win ဆိုတဲ့ ခေါ်သံလေးကို လွမ်းရတာ
ကြာရင် ရူးတော့မယ်။

ကုတင်ပေါ် မျက်နှာအပ်ပြီး ငိုနေတုန်း ခေါင်း
ပေါ်ကို လာထိတဲ့ အတွေ့အထိရယ် ခေါ်သံရယ်
ကြောင့် ငိုနေရင်းနဲ့ ခေါင်းထောင် ကြည့်လိုက်
မိတယ်။

B> Win

Win Bright ကိုယ်ပေါ်ကနေ အုပ်မိုးပြီး ဖက်
လိုက်တယ်။ ကလေးတစ်ယောက် လို ရှိုက်ကြီး
တငင် ငိုနေတာ ကြောင့် Bright Win ရဲ့‌ ကျော
လေးကို ပုတ်ပေးလိုက်တယ်။

Win လည်း ငိုလို့ဝတော့မှ Bright ကိုယ်ပေါ်
ကနေ ခွာပေး လိုက်တယ်။

B> ငိုလိုက်တာ ကလေးလေး ကျနေတာပဲ

W> မနောက်ပါနဲ့ အကို သတိမရတဲ့ နေ့တွေမှာ ကျွန်တော် ဘယ်လောက် စိတ်ပူခဲ့ရလဲဆိုတာ အကို သိရဲ့လား အကိုတစ်ခုခု ဖြစ်သွားရင် ကျွန် တော် အသက်မရှင်နိုင်တော့ဘူး အကိုရဲ့

ပြောရင်း ထပ်ငိုလိုက်တဲ့ Win

B> အကို ဘာမှ မဖြစ်ပါဘူး မငိုနဲ့တော့နော်

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now