Part-18(Unicode)

229 14 0
                                    

ကုမ္ပဏီရောက်တော့ ကားပါကင်ထိုးပြီးတာနဲ့ CEO အခန်းကိုဝင်လိုက်တော့ CEO ထိုင်ခုံကနေ ကိုယ့်ကိုတွေ့လို့ မတ်တပ်ရပ်လိုက်တဲ့သူ့နားကို မြန်ဆန်တဲ့ခြေလှမ်းနဲ့လှမ်းသွားပြီး ရင်ခွင်ထဲဖက် ထားလိုက်တယ်။

W> ကျွန်တော့ကို အသိပေးပဲ ကျွန်တော့ အနားက နေ ခနလေးတောင် ထွက်မသွားပါနဲ့အကို အကိုဘယ်ရောက်နေမလဲ တွေးပြီးလိုက်ရှာရတာ ရင်ပူလို့ ကျွန်တော် အရင်သေမယ်ထင်တယ်

B> တောင်းပန်ပါတယ် လေကောင်းလေသန့်ရှူ ချင်လာလို့ပါ ဒီလောက်စိတ်ပူသွားမယ်လို့ မထင်မိလို့ပါ

W> ဟိုတစ်ခါလို ထွက်သွားတယ်ထင်နေတာ

B> ကိုယ်ဘယ်ကိုမှ ထွက်မသွားပါဘူး

M> အဟမ်း

Mike ရဲ့ချောင်းဟန့်သံကြောင့် Bright Win ကို
တွန်းလိုက်တယ်။

M> အိမ်မှာလည်း အချိန်ပြည့်တွေ့နေရတာကို ရုံးခန်းကြီးထဲမှာပါ ဒီလိုတွေ လုပ်နေပြီလား

Bright က Win ကို အကြည့်လွှဲထား သလို Win
ကလည်း သူ့လည်ပင်းကို လက်နဲ့သပ်ပြီး ရှက်ကိုး
ရှက်ကန်း လုပ်နေတယ်။

M> Bright ဒါက ဟိုလက စာရင်းပေါင်းချုပ် ပြီးမှ မှန် မမှန် မင်းပြန်စစ်လိုက်ဦး ငါသွားတော့မယ် လုပ်စရာရှိတာ အိမ်ရောက်မှလုပ်

Mike ထွက်သွားမှ Win က

W> အကို စိတ်ညစ်စရာ တစ်ခုခုရှိနေတယ် မဟုတ်လား

B> အင်း

W> ကျွန်တော့ကို ပြောပြလေ ဘာဖြစ်ဖြစ် ပြော ပါ့မယ်လို့ ပြောထားတယ်မဟုတ်လား

B> အင်း ဒါပေမယ့် ပြောမထွက်ဘူး ဖြစ်နေတယ်

W> ပြောလိုက်ရင် ရင်ထဲပေါ့သွားမှာပေါ့ အကိုရဲ့

B> အင်းပါ ကိုယ်ကြိုးစားကြည့်ပါ့မယ် မနက်ဖြန် နေလုံးလေးကို ကစားကွင်းလိုက်ပို့ရအောင်

W> သွားမယ်လေအကို

Ren အပြင်ထွက်တိုင်း ခပ်လှမ်းလှမ်းကနေပဲ ကြည့်နေတဲ့ MJ ကို Ren လည်း ပြန်ခိုးကြည့် နေမိတယ်။ အနားကို လာမလား လို့ ကြည့်နေပေမယ့် မလာတာမို့ Ren လည်း ဒီတိုင်းပဲ ‌လမ်းလျှောက်နေတယ်။ ရှေ့ကို ကြည့်မလျှောက်ပဲ MJ ကို ငေးရင်း လျှောက်နေတာ မို့ ရှေ့က လမ်းမညီတာကို မသိပဲ ပုံမှန်အတိုင်း လျှောက် လိုက်တာမို့ ခလုတ်တိုက် လဲသွားတယ်။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now