Part-20(Unicode)

246 10 2
                                    

တကယ်တော့ အိပ်ပျော်သွားတာမဟုတ်ပဲ ဟို
တစ်ခါလို သတိလစ်သွားတယ် ဆိုတာကိုတော့
ကာယကံရှင်ဖြစ်တဲ့ Bright ကလွဲပြီး ဘယ်သူ့မှ မသိပါဘူး။

မနက်မိုးလင်းတော့ Bright အရင်နိုးလာတယ်။ မနေ့က တစ်နေ့လုံး ငိုထားတော့ လူက သိပ်
မလန်းချင်ဘူး။ နေလုံးလေး အခန်းကို သွားတော့ မနိုးသေးတာ ကြောင့် ကုတင်ဘေးမှာထိုင်ပြီး နဖူးကိုနမ်းလိုက် တယ်။

B'm ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကလေးကို ဘယ်လိုလုပ် ပြန်ပေးနိုင်ပါ့မလဲ ဒါပေမယ့် ဟိုက အမေရင်း ကျွန်တော်က ဘာမှ မတော်တဲ့ သူစိမ်း

Li> ဒယ်ဒီ

B> နိုးပြီလား နေလုံး

Li> ဟုတ်

နေလုံးလေးက Bright ရင်ခွင်ထဲမှာ ဝင်ထိုင်ပြီး

Li> ဒယ်ဒီ မနေ့က နေလုံးက ဒယ်ဒီ့ကို စိတ်ဆိုး တာမဟုတ်ဘူးနော်

B> ဒယ်ဒီ သိပါတယ်သားရဲ့

Li> ဒယ်ဒီ နေလုံးနဲ့ အခုလိုပဲ အမြဲတမ်းအတူတူ နေသွားရမှာနော်

B> ဒါပေါ့ သားရဲ့ ဒယ်ဒီ က နေလုံးနဲ့ အမြဲတမ်း နေသွားမှာ ဟုတ်ပြီလား

Li> ဟုတ် ဒယ်ဒီ နေလုံးက ဒယ်ဒီ့ကို အချစ်ဆုံး နော် ကိုကိုWin နဲ့ အတူတူ သားတို့ အမြဲတမ်း ပျော်ပျော် ရွှင်ရွှင် နေကြမယ်နော် ဒယ်ဒီ

B> အမလေး နေလုံး စကားကြီး စကားကျယ်
တွေ ပြောနေပါ့လား

Li> ဟီး နေလုံးလေးက ဒယ်ဒီ့ ကိုအချစ်ဆုံးနော်

B> ဒယ်ဒီလည်း နေလုံးလေးကို အချစ်ဆုံးပါဗျ

W> ကျွန်တော်ရော အကို

တံခါးပေါက်ကနေ လှမ်းပြောလိုက်တဲ့ Win ကြောင့် နေလုံးရော Bright ပါ လှည့်ကြည့်လိုက်
တယ်။

B> Win လည်းပါတာပေါ့

Li> နေလုံးကို ပိုချစ်နော် ဒယ်ဒီ

W> ကျွန်တော့ကို ပိုချစ်နော် အကို

မကြီးမငယ်နဲ့ ကလေးနဲ့ ပြိုင်နေတဲ့ Win ကို ကြည့်ပြီး ရယ်လိုက်မိတယ်။

Li> ဒယ်ဒီ မေးတာဖြေဦးလေ

W> ဟုတ်တယ် အကို ဖြေဦးလေ

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now