Part-24(Unicode)

218 12 4
                                    

B> ဘာဖြစ်တာလဲ Win

W> နေလုံး ပျောက်သွားလို့တဲ့

B> ဘာ

W> သူ့အဘွား ကြည့်နေရင်းကနေ အိမ်ကထွက် သွားတာတဲ့

B> ပြန်မှ ဖြစ်မှာပေါ့ နေလုံးကို ရှာရမယ်လေ

သူတို့အိမ်ပြန်ရောက်တော့ May က အိမ်မှာ စောင့်နေတယ်။

B> နင့်ဆီမှာ ရှိနေတဲ့ ကလေးတစ်ယောက်လုံး ပျောက်သွားရအောင် နင်ဘာလုပ်နေလို့လဲ ဒါနဲ့ များ နေလုံးကိုစောင့်ရှောက်ချင်နေတာလား

May> ငါရှာတာ နှံ့နေပြီ ဘယ်မှာမှ မတွေ့ဘူး နင် အပြစ်တင်တာကို ‌ငါနောက်မှခံပါ့မယ် အခုတော့ နေလုံး လေးကိုရှာပေးပါ

W> အကို နေလုံးက ကလေးလေ အဲ့လောက် ကျွမ်းကျွမ်းကျင်ကျင် သွားတတ်မှာမဟုတ်လေ

B> နေလုံးက Mike တို့ Love တို့ ဆီတော့ သွားတတ်တယ်

May> နင့်သူငယ်ချင်းတွေဆီကို အမေဖုန်းဆက် မေးပြီးပြီ မလာဘူးတဲ့ သူတို့လည်း ရှာနေကြ
တယ်

B> မဟုတ်မှ

W> ‌သိသွားပြီလားအကို

Bright အိမ်ဘေးက ပန်းပင်လေးရဲ့ နောက်ကွယ်
က တံခါးကိုဖွင့်ပြီး အထဲဝင်လိုက်တယ်။ Win နဲ့ May လည်း Bright အနောက်က လိုက်ဝင်လိုက်
တယ်။

တံခါးနောက်ကွယ်မှာ တကယ့်ကိုလှပတဲ့ ကလေး ကစားစရာ ဉယျာဉ်လေးတစ်ခုဖြစ်နေ တယ်။ ကလေးကစားစရာ ပစ္စည်းတွေကလည်း အစုံပါပဲ Win တအံ့တဩနဲ့ လိုက်ကြည့်နေမိ
တယ်။

Bright က သူဆိုနေကျ သီချင်းလေးကို စဆို
လိုက်တယ်။ ရုတ်တရက် သီချင်းထဆိုတာမို့ Win လှည့် ကြည့်လိုက်တယ်။ Bright ကတော့ ဘာကို
မှ ဂရုမစိုက်ပဲ သီချင်းပဲ ဆက်ဆိုနေလိုက်တယ်။

B> ဒယ်ဒီ ဆိုတဲ့ သီချင်းသံက နားထောင်လို့ အကောင်းဆုံးပဲဆို သီချင်းတစ်ပုဒ်တည်း ထပ်ခါ ထပ်ခါ ဆိုပြတာတောင် နေလုံး မငြီးငွေ့ဘူးဆို ဒယ်ဒီ ရဲ့ သီချင်းသံကြားရင် သားအရမ်းသဘော ကျတယ်ဆို အခု ဒယ်ဒီ သီချင်းဆိုပြနေတယ်လေ ထွက်ခဲ့ပါ သားရယ်

အပင်နောက်ကွယ်က ထွက်လာတဲ့ နေလုံး။
Bright ကိုမြင်တာနဲ့ ပြေးဖက် တော့တာပဲ။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now