Part-13(Unicode)

281 19 2
                                    

*လူနှစ်ယောက်ဆုံတွေ့တာ
ကံကြမ္မာကြောင့်ဆိုရင်
P'Brightနဲ့ကျွန်တော်ဆုံရတာက
ဝဋ်ကြွေးထင်တယ်
မချစ်တဲ့သူကိုမှ
နှလုံးသားတစ်ခုလုံးနဲ့
ချစ်မိသွားတာဝဋ်ကြွေး
တစ်ခုဆိုရင်လည်း
ကျေကျေနပ်နပ်
ခံယူပါ့မယ်P'Brightရယ်*

Ren ထွက်သွားပြီး Win လာမလားလို့
စောင့်နေပေမယ့် မလာတာကြောင့် နေလုံး
ကို သွားကြိုလိုက် တယ်။

Win ခုနတွေ့များ တွေ့သွားတာလား။ တစ်
ခါ‌တစ် လေ အခုလို Ren လုပ်နေတာကို စိတ်ရှုပ်သလို ခံစားရနေတယ်။ မချစ်တဲ့သူ
ဆီက ရတဲ့ အနမ်းကို မလိုချင်တာ အမှန်ပါ။

မချစ်တဲ့လူကို ရွေးချယ်ပြီး ကတိဆိုတာကို ရှေ့တန်းတင်ခဲ့တာမို့ တစ်ခါဝေး ခဲ့ရပြီးပြီ။ အခုတစ်ခါတော့ နှလုံးသားရဲ့အလိုကို လိုက်
ချင်မိတယ်။

သူချစ်ကြောင်း ပြောထားတာကို မသိချင်
ယောင် ဆောင်ခဲ့မိတာကို နောင်တရမိတယ်။ အလုပ်လုပ် ရတာလည်း အရင်လို စိတ်မပါ
တော့ဘူး။

Bright အလုပ်မသွားချင်တာနဲ့ အိမ်မှာပဲနေ
နေလိုက် တယ်။ Win ကတော့ နေလုံးကို
ပို့ပြီး အလုပ်သွား တယ်။ မနေ့တည်းက Win က သူ့ကိုရှောင်နေတယ်။ သူကလည်း ဘာ
ပြောရမှန်း မသိတာကြောင့် သူ ရှောင်တဲ့ အတိုင်း လိုက်မခေါ်ပဲ နေလိုက်တယ်။

Bright မရှိတဲ့ ရုံးခန်းမှာ Win အလုပ်လုပ်
ရတာ တစ်ခုခု လိုနေသလိုခံစားရတာကြောင့် အလုပ်မလုပ်ပဲ လျှောက်သွားနေလိုက်တယ်။ ‌ဖွင့်ပြောလျှင် ကောင်းမလား မကောင်းဘူး
လား ဆိုတဲ့ အတွေးက‌လည်း ဒွန်တွဲနေ
တယ်။

ညနေဘက် နေလုံးကို မူကြိုက ကြိုပြီး ပြန်
တော့ နေလုံး လေးမျက်နှာမကောင်းဘူး။ ကိုယ့်ဘာကိုယ် အချစ်ပူမိနေတော့ ကလေး
ကို အရင်လို ဂရုမစိုက်မိ ဖြစ်လို့များလား။

နေလုံး လေး အရင်လို သွက်သွက်လက်လက်
မရှိဘူး။ အရင်ကဆို မူကြို ကပြန်လျှင် စကား
ပြောနေကျ အခုကျ တိတ်ဆိတ်လို့။

အိမ်ရောက်တဲ့ အထိ စကားမပြောပဲ အခန်း
ထဲ တန်းဝင်သွားတာကြောင့် Bright ကို
ပြောမှာဖြစ် မှာမို့ Bright အခန်းရှေ့သွားပြီး တံခါးခေါက်လိုက်တယ်။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now