Part-28(Unicode)

317 8 8
                                    

May အလုပ်သွားတော့ အားလုံး အတွေးကိုယ်စီနဲ့ တိတ်သွားကြတယ် မျက်နှာငယ်လေးနဲ့ ငြိမ်သွား တာကတော့ Win ပါ။

B> ကျွန်တော် သားကို အိမ်ခေါ်သွားမယ် ညနေမှ အိမ်မှာလာခေါ်ဖို့ ပြောလိုက်ပါ

M'mom> ‌အမေ တောင်းပန်ပါတယ် သားကိုပင် ပန်းစေခဲ့လို့ အမေ တကိုယ်ကောင်းဆန်ပြီး သား
ရင်ဘတ်ထဲမှာ ခံစားနေရတဲ့ အရာတွေကို လျစ်
လျူရှုမိလို့ အားလုံးက အမေ့ အပြစ်တွေပါ သား
အဖေ အပါ်မှာလည်း အမေမှားခဲ့တယ် အခုမင်း
အစ်မ ကြောင့်ပါ သား ဒီလို ကိစ္စတွေ ကြုံနေရလို့ အမေ တကယ်ကို တောင်းပန်ပါတယ်

ငိုရင်း သူ့ကိုလာပွေ့ဖက်လိုက်တဲ့ လက်တစ်စုံက တကယ့်ကို အမေတစ်ယောက်က သားကိုဖက် လိုက်တဲ့ အတိုင်းပါပဲ။ Bright ကတော့ ပြန်မဖက်
မိလိုက်ပါ။ သူ့ စိတ်က ခွင့်မလွှတ်နိုင်သေးလို့ပါ။

ကားပေါ်မှာတော့ အတွေးကိုယ်စီနဲ့ပါ။ အိမ်
ရောက် တဲ့ အထိ ဘာစကားမှ မပြောဖြစ်ခဲ့ကြ။

Li> ဒယ်ဒီ သားဗိုက်ဆာတယ်

L> တီလေး Love ကျွေးမယ်နော် လာ လိုက်ခဲ့

Li> ဟုတ်ကဲ့ တီလေး

နေလုံးလေး ကို Love ခေါ်သွားတော့မှ Win လက်ကိုဆွဲ ပြီး ဘေးမှာ ဝင်ထိုင်ခိုင်းလိုက်တယ်။

B> သူပြောတဲ့ မဖြစ်နိုင်တဲ့ ကိစ္စကို တွေးပြီး စိတ်
ညစ်မနေနဲ့ အကိုပြောပြီးပြီလေ နောက်တစ်ခါ
နေလုံးနဲ့ Win ကိုရွေးချယ်ရမယ့် အလုပ်မျိုး ထပ် မလုပ်တော့ဘူးလို့ အကို့ ကိုယုံနော်

W> ဟုတ်

ဟုတ်လို့သာပြောလိုက်ရတာပါ အကို။ ကျွန်
တော် ရင်ပူမိတာတော့ အမှန်ပါပဲ။ အကိုအတွက် နေလုံး လေးက ဘယ်လောက်ထိ အရေးပါတယ်
ဆိုတာ သိနေတော့ ဘယ်လိုလုပ် စိတ်အေးနိုင်
ပါ့မလဲ။

M&L > ငါတို့ ပြန်တော့မယ်

B> အင်း

အတူမနေရတာ ကြာနေတော့ နေလုံးလေးက အနားက ခွာတယ်ကို မရှိဘူး။ Win ကတော့ သိသိ သာသာကို ရှောင်နေတယ်လေ။

ရူးလိုက်တာ အစ်မရယ်။ ငါက နေလုံးနဲ့ နေရဖို့ နင့်ကို ‌လက်ထပ်ရ မယ်တဲ့လား။ လက်မထပ်ပဲနဲ့ နေလုံးကိုရအောင် ယူပြမယ် စောင့်ကြည့်လိုက်။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now