Part-9(Unicode)

284 15 0
                                    

Li> အင်း....

Light လေးက စဉ်းစားနေတာကြောင့် သူ
ပြန်‌ဖြေမယ့် အ‌‌ဖြေကို အားလုံးက စိတ်ဝင်
တစား စောင့်နေကြ တယ်။

Li>  ကိုကို Win နေမယ်ဆိုရင် နေလုံး ပျော်တာပေါ့ အရင်က ဒယ်ဒီ တစ်ယောက်
တည်းနဲ့ပဲ ဆော့ရတာလေ အခု ကိုကို Win ပါနေမယ်ဆိုရင် ပိုကောင်းတာပေါ့

သားဖြစ်သူက လက်ခံတယ်ဆိုတာကြောင့် Bright ငြင်းလို့မရတာမို့ Win ကို ကြည့်
လိုက်တယ်။

Win က လည်း Bright မျက်နှာကို ကြည့်
လိုက်တယ်။

L> ဟဲ့ ငါပြောတဲ့အထဲမှာ နင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်
တာမပါဘူးနော်

Love ပြောလိုက်တာကြောင့် ရှက်ပြီး အကြည့်လွှဲ လိုက်ကြတာကို ကြည့်ပြီး ပြုံးစိစိ
ဖြစ်သွားတယ်။

B> နေလုံး သားတကယ်နေချင်တာနော်

Li> ဟုတ် ဒယ်ဒီ

B>‌ ကောင်းပြီလေ Win ကိုယ်တို့ သားအဖနဲ့ အတူတူ လာနေပါ

W> ဟုတ်ကဲ့ပါ အကို

B> ဒီည ဒီမှာပဲ အိပ်လိုက်တော့ မနက်မှ နေလုံး ကို မူကြို‌ပို့ရင်း ပစ္စည်းတွေ သွားယူ
တာပေါ့

W> ဟုတ် အကို

တကယ်ဆို သူ့ကိုချစ်ပါတယ် လို့ ခိုးပြော
ထားတဲ့ ကောင်လေးနဲ့အတူတူ နေရမှာ
ကြောင့် ရင်ခုန်မိသလို ပျော်လည်းပျော်မိ
ပါတယ်။

သူ့ကိုကြည့်တော့လည်း ပျော်နေတယ်ထင်
တယ်။

သူတို့ရဲ့ ညစာစားပွဲလေးပြီးသွားတယ်။ တစ်
ချိန် လုံး အသံတိတ်နေတဲ့ ကောင်လေး
တစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ နာကျင်နေ
တယ်ဆိုတာကို တော့ ဘယ်သူမှ မရိပ်မိ
ခဲ့ပါဘူး။

Love Mike နဲ့  Ren တို့ ညစာစားပြီး ပြန်သွားကြတယ်။ နေလုံး လည်း အိပ်ပျော်
နေပြီ။

Win ကတော့ အိမ်ထဲမှာ လျှောက်ကြည့်နေ
တယ်။ ချစ်ရတဲ့ သူနဲ့ တစ်အိမ်ထဲမှာ အတူ
နေရလို့ စည်းချက် မြန်မြန်ခုန်နေတဲ့ နှလုံး
သားလေးက အိပ်ချင်စိတ် တွေကိုတောင် ဆွဲဖျောက်ထားသလို ထင်မိတယ်။

မျက်လုံးကို မှိတ်ထားပေမယ့် အိပ်မပျော်တဲ့
အပြင် ချစ်ရတဲ့ သူရဲ့ မျက်နှာကိုပဲ မြင်နေမိ
တယ်။ ဘယ်နေရာကို ကြည့်ကြည့် သူ့
မျက်နှာပဲ မြင်နေရတာကြောင့် စိတ်ဖောက်
သွားသလား တောင်ထင်မိတယ်။ သူ့မျက်နှာ
မြင်တိုင်း ခုန်နေတဲ့ နှလုံးသား ကြောင့် တစ်နေ့ 24နာရီမှာ အကြိမ်ပေါင်း ဘယ် လောက် ခုန်မလဲဆိုတာ တွက်ကြည့်လို့
တောင် မရနိုင်ပါ။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now