*မေတ္တာတရားနဲ့သံယောဇဉ်ဆိုတာ
တကယ့်ကိုနက်ရှိုင်းတဲ့
စိတ်ခံစားမှုတွေပါပဲ
သံယောဇဉ်တွေတိုးလာလေ
ဖြတ်ဖို့ခက်လေပါပဲ
သံယောဇဉ်ကိုဘယ်လို
အရာတွေနဲ့ဖြတ်လို့ရပါမလဲ
ဘယ်သူတွေကရော
ဖြတ်ဖို့ကြိုးစားကြမှာလဲ*Win မှန်ပေါက်ကနေ Bright ကို တစ်ချက်ခိုး
ကြည့်ပြီး ကုမ္ပဏီကို ပြန်ထွက်လာလိုက်တယ်။ ကားမောင်း လာတဲ့ တစ်လျှောက်လုံး Bright ပြောသမျှကို ပြန်တွေးရင်း မျက်ရည်က အလိုလို
ကျလာတယ်။ကုမ္ပဏီကို ပြန်ဝင်လာတဲ့ Win ရဲ့မျက်နှာက ငို
ထား သလို ဖြစ်နေတာကြောင့် Love မနေနိုင်ပဲ မေးလိုက် တယ်။L> Win လချုပ်စာရင်း သွားယူပြီး ပြန်လာတာ နင့် မျက်နှာက ဘာဖြစ်လာတာလဲ
W> လချုပ်စာရင်း မယူခဲ့ရပါဘူး အမေ့ဆီကနေ ဖုန်းလာလို့ပါ
Love ကို ဒီအကြောင်း မပြောချင်တာကြောင့် တစ်ခြား အကြောင်းပြလိုက်တာပါ
L> နင့် အမေက Bright နဲ့ ကိစ္စသဘောမတူ
လို့လားW> အဲ့လို မဟုတ်ပါဘူး Love အားနာပေမယ့် ခန လောက် တစ်ယောက်တည်းနေချင်တယ်
L> အင်းပါ Win ရပါတယ်
Love အခန်းအပြင်ရောက်မှ Win ကိုတစ်ချက် ပြန်ကြည့်ပြီး တံခါးပိတ်လိုက်တယ်။
Win တနေ့လုံး ဘာမှလုပ်လို့မရလောက်အောင် Win ရဲ့ အတွေးထဲမှာ စိုးမိုးထားသူက Bright ပါ။ နေလုံးကို သူ တောင် ပြန်မပေးချင်ရင် Bright ဆိုပိုဆိုးတာပေါ့။
ကိုယ့်ကလေးမဟုတ်မှန်းသိရက်နဲ့ ဆရာဝန်အ
လုပ်ကိုတောင် စွန့်လွှတ်ပြီး ကျွေးမွေးပြုစုခဲ့တာ လေ။ တစ်ချို့တွေက ကိုယ့်သွေးသားကို စွန့်ပစ်
ကြ ပေမယ့် သူကတော့ ကိုယ်နဲ့သွေးမတော်တဲ့
သူကို သားအရင်းလို မွေးခဲ့တာလေ။မလွှဲသာတဲ့ အကြောင်းတရား ကြောင့်ဆိုတာ သိပေမယ့် ဘယ်လောက်ပဲ အမေအရင်း ဖြစ်နေ
ပါစေ။ အခုချိန်မှ လာပြန်တောင်းတာ ကိုတော့ မပေးနိုင်ပါဘူး အတ္တကြီးတယ်ပြောလည်း ကျေ ကျေနပ်နပ်ခံလိုက် ပါမယ်။******
ပြင်သစ်မှာ တွေ့တုန်းက ငြင်းလိုက်ပြီး တည်းက အဆက်အသွယ် ပြတ်သွားခဲ့တဲ့ လူကို အခု ထိုင်းမှာ ပြန်တွေ့တဲ့ နေ့က စပြီး နေရာတိုင်းမှာ တွေ့နေရတာပဲ။ ဘယ်နေရာကို ကြည့်ကြည့် သူ့
ပဲ တွေ့နေရတာမို့ မြင်ပါများတော့ ဘယ်နေရာ ရောက်ရောက် သူ့ကို အရင်ရှာမိတယ်။
YOU ARE READING
တွယ်နှောင်မိတဲ့....ရင်ခွင်
Fanfictionစိတ်ထဲရှိတာလေး ပုံဖော်ထားတာကို အမှတ်တရ သိမ်းထားချင်လို့ပါ အရာအားလုံးကစိတ်ကူးသက်သက်ဖန်တီးထားတာမို့မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်လိုခြင်းမရှိပါဘူးဗျာ #BrightWin