Part-14(Unicode)

277 16 1
                                    


*အချစ်ဆိုတာ ချစ်နေရုံနဲ့
မပြီးသေးပါဘူးချစ်တာကို
ထုတ်ပြတတ်ဖို့လိုပါတယ်
ချစ်နေပြီးထုတ်မပြတတ်ရင်
တဖက်လူကကိုယ့်အချစ်ကို
ခံစားမိမှာမဟုတ်ပါဘူး
အချစ်ဆိုတာ ဖွင့်ပြောမှသိမယ့်
အရာဆိုရင် ကျွန်တော်
ဖွင့်ပြောတော့မယ် အကို*

Bright Ren ကို ခေါင်းကိုက် နေတယ်လို့ အကြောင်းပြပြီး အိမ်ပြန်ပို့ခိုင်း လိုက်တယ်။ အိမ်ထဲမဝင်သေးပဲ ‌မြက်ခင်းပြင်ပေါ်မှာ လှဲ
ပြီး ကောင်းကင်ကြီးကို မော့ကြည့်နေတယ်။

ငါ့ရဲ့အချစ်ရေးက ဘာလို့ ဒီလောက်တောင် ရှုပ် ‌ရတာလဲ။ ငါချစ်တဲ့သူကိုလည်း ငါ့ဘဝ
ထဲကို မခေါ်ရက်ဘူး။ အားလုံးနဲ့ဝေးရာကို ထွက်သွားဖို့ ကလည်း မဖြစ်နိုင်ဘူး။ အခု
အချိန်မှာတော့ အားလုံးနဲ့ အဝေးဆုံးကို ခန
လောက်ဖြစ်ဖြစ်ထွက် သွားချင်မိတယ်။

နေလုံးလေးကို ခေါ်ပြီး Win ပြန်လာတယ်။ မြက်ခင်း‌ ပေါ်လှဲနေတဲ့ Bright ကို တွေ့
တော့ နေလုံးကို အိမ်ထဲ အရင်ဝင်ခိုင်းပြီး Bright ဆီ ‌လျှောက်သွား လိုက်တယ်။

W> အကို

B> ပြန်ရောက်လာပြီလား Win

W> ဟုတ် အကို

Bright က လှဲနေရာက ထလိုက်ပြီး Win ပခုံးတစ်ဖက် မှာ ခေါင်းမှီထားလိုက်တယ်။ Win တောင် Bright ရဲ့ တစ်ခါမှ မလုပ်ဖူး
တဲ့ အပြုအမူကြောင့် လန့်သွားတယ်။

W> အကို

B> ဒီအတိုင်းလေး ခနလောက် နေပေးပါ
နော်

အားမရှိတဲ့ အသံနဲ့ပြောလိုက်တဲ့ Bright ကြောင့် Win စိတ်ထဲ မှာ ဘယ်လိုမှန်း မသိတဲ့ ခံစားချက်မျိုး ဖြစ်သွားတယ်။

အချိန်တစ်ခုကြာတဲ့အထိ ဘာမှမပြော မလှုပ်
မယှက်ပဲ အမှီခံထားတဲ့ ကောင်လေးရယ် မှီ
ထားတဲ့ ကောင်လေးရယ်။

Win က စကား စ ပြောလိုက်တယ်။

W> အကို ဘာဖြစ်လို့လဲဟင်

B> Win အကို စိတ်ထဲမှာ အရမ်းမွန်းကျပ်
နေတယ် ဒီနေရာနဲ့ ဝေးတဲ့ တနေရာကို ထွက်ပြေးသွား လိုက်ချင်တယ်

လေပြေအေးလေးနဲ့ ပြောလိုက်တဲ့ Bright  ရဲ့စကား ကြောင့် Win ရင်ထဲမှာ တင်းကျပ်
သွားတယ်။ Win Bright ရဲ့ ပခုံးကို ဆွဲကိုင်
ပြီး မျက်နှာချင်းဆိုင် အနေအထားကို ပြောင်း
လိုက်တယ်။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now