*အချစ်ကိုခံစားတတ်တဲ့
အချိန်ထဲကကျွန်တော်ချစ်ရတဲ့
တစ်ဦးတည်းသောသူဟာ P'Bright ပါ
ပိုင်ဆိုင်ခွင့်ရသည်ဖြစ်စေ
မရသည်ဖြစ်စေ ချစ်တယ်လို့
ဖွင့်ပြောလိုက်ရတာနဲ့တင်
ကျေနပ်ပါတယ် P'Bright*ဟိုးအရင်ထဲက ရိပ်မိပေမယ့် သူ ကိုယ့်အပေါ်
ထား တဲ့စိတ်တွေ တနေ့ကျလျှင် ပြောင်းလဲ
သွားမယ် လို့ ထင်ခဲ့မိတာ မှားသွားတာပဲ။ သူ့
အတွက် အဖြေက စဉ်းစားစရာ မလိုအောင်
ကို ကိုယ့်ဘက် က အဖြူထည်သက်သက်ပါ။ ညီလေးအရင်း လိုချစ်တာက လွဲလျှင် အဲ့
ထက် ဘယ်တော့မှ ပိုလာမှာ မဟုတ်ဘူး။ချစ်တယ်ဆိုတဲ့ စကားကို ဒုတိယအကြိမ် ကြား ခဲ့တာ ဖြစ်ပေမယ့် ခံစားချက်က တူ
မနေခဲ့ဘူး။ Win ချစ်တယ် ပြောတုန်းက ရင်ခုန်ခဲ့တယ်။ ပျော်ခဲ့တယ်။ သူ့ခံစားချက်
နဲ့ထပ်တူ ကိုယ်လည်း ခံစားမိခဲ့တယ်။အခုကျတော့ စိတ်တောင် ရှုပ်သွားသလိုပဲ။ ညီလေး လိုဆက်ဆံနေရာကနေ အခု ဘယ်
လို ဆက်ဆံပေးရမလဲ မသိတော့တာ အမှန်
ပါ။ Win သာ သိသွားလျှင်ရော သူအရင်လိုပဲ ကျွန်တော့ကိုထားပြီး ထပ် ထွက်သွားဦး မယ်
ထင်ပါတယ်။ ဟူး......။Bright နေလုံးကိုကြိုပြီး ဧည့်ခန်းထဲမှာပဲ ငူငူကြီး ထိုင်နေလိုက်တယ်။
Win ကို Love က Bright လာကြိုမှာ မဟုတ်ဘူးလို့ပြောပြီး လိုက်ပို့ပေးတယ်။
Love တစ်ခုခုဖြစ်နေတာ သိပေမယ့် ဘာ
ဖြစ်နေမှန်းတော့မသိ။ ကားမောင်းနေတဲ့ တစ် လျှောက်လုံး တစ်ခုခုကို လေးလေးနက်
နက် တွေးနေတဲ့ မျက်နှာမျိုးပဲ။ ပြီးတော့ ကျွန်တော့ကို မေးခွန်းတစ်ခု မေးတယ်။L> Win Bright က နင့်အတွက်ဘာလဲ
W> မေးခွန်းက ဆန်းလှချည်လား ဘာ
အဓိပ္ပါယ်နဲ့ မေးတာလဲL> ငါမေးတာကိုဖြေပါ
W'm: ငါ့ဘဝမှာ အရမ်းကိုထူးခြားတဲ့ လူတစ်ယောက် ဘဝတစ်ခုလုံးနဲ့တောင် ရင်းရဲတဲ့လူ
L> ငါ့ကိုမဖြေချင်ရင်တောင် နင့်ကို နင်မှန်ထဲ
မှာ ကြည့်ပြီး ဒီမေးခွန်းကိုဖြေကြည့်ပါ ကဲ အိမ်လည်းရောက်ပြီ ဆိုတော့ ဆင်းတော့
YOU ARE READING
တွယ်နှောင်မိတဲ့....ရင်ခွင်
Fanfictionစိတ်ထဲရှိတာလေး ပုံဖော်ထားတာကို အမှတ်တရ သိမ်းထားချင်လို့ပါ အရာအားလုံးကစိတ်ကူးသက်သက်ဖန်တီးထားတာမို့မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်လိုခြင်းမရှိပါဘူးဗျာ #BrightWin