Part-6(Unicode)

309 12 4
                                    

လူသားတိုင်းရဲ့ဆုတောင်းက မပြည့်နိုင်ပေ
မယ့် ကံကောင်းတဲ့လူတစ်ယောက်ကတော့ ဘဝမှာ သူတောင်းဖူးတဲ့ဆုက တစ်ခါ‌ပဲ
ဖြစ်ဖြစ် ပြည့်မှာပါ။

5နှစ်ကြာပြီးနောက်

မီးဖိုထဲမှာမနက်စာပြင်ပြီး Bright အိမ်ပေါ်
ကို တက်လာတယ်။

အချိန်တွေ ကြာခဲ့ပြီးတဲ့ နောက် အရင်လို ပုံမှန်အတိုင်း ပြန်ဖြစ်လာတဲ့ အချိန်မှာတော့ ကျွန်တော့ ဘဝထဲကို ‌ဝင်ရောက်လာခဲ့တဲ့ နောက်ထပ် သက်ရှိ လူသားလေး တစ်ယောက် ရှိပါတယ်။

သူကတော့ ကုတင်ပေါ်မှာ အခုထိ အိပ်လို့
ကောင်းတုန်း ရှိ‌သေးတဲ့Light။ 5နှစ်သား
အရွယ် ကလေး တစ်ယောက်က အိပ်နေတာ လူကြီးလေးကျလို့။ အိပ်တဲ့ပုံက အစ သူနဲ့တူ
လွန်းတဲ့ သားတော်မောင်ကို ကြည့်ပြီး Bright ပြုံးလိုက် တယ်။

B> နေလုံး (နာမည်အရင်းlightကို Bright ကနေလုံးလို့ ခေါ်တာပါ) ထတော့လေ ‌ဒယ်ဒီ နဲ့ ကုမ္ပဏီ မလိုက်ဘူးလား

Li> ဒယ်ဒီကလည်း ငါးမိနစ်ထဲပါ

B> မရပါဘူး အခုထ ဒယ်ဒီ နောက်ကျနေပြီ

နှိုးနေပေမယ့် တစ်ဖက်လှည့်သွားတဲ့ သားတော်‌မောင်ကြောင့် ကုတင်ပေါ် တက်
လိုက်ပြီး

B> ကောင်းကောင်းနှိုးလို့မရမှတော့ လာပြီ
နော်

ပြောပြီးကလိထိုးလိုက်တယ်။

Li> ဟား.....ဒယ်ဒီ ယားတယ် ဟားး....ယား
တယ် လို့ဒယ်ဒီ မလုပ်နဲ့

B> ဆက်အိပ်ဦးမှာလား ဟင် ဆက်အိပ်ချင်
သေးလား

Li> ဟား....တော်ပြီ ဒယ်ဒီ ထပြီ ထပြီ

B>ဒီလိုမှပေါ့ လာမျက်နှာသွားသစ်မယ် တကယ်ပဲ ဘယ်သူနဲ့တူလို့ အဲ့လောက် အအိပ်မက် ရတာလဲမသိဘူး

Li> ဒယ်ဒီ့သားပါဆိုမှ ဒယ်ဒီနဲ့မတူလို့ ဘယ်သူနဲ့ တူရမှာလဲ

B> ဟုတ်ပါတယ် ဒယ်ဒီမှားပါတယ် အတတ်
လေး ရယ်

Li> ခိခိ အဲ့တာကြောင့် ဒယ်ဒီ့ကိုချစ်တာ မွ

B> ဒယ်ဒီကလည်း ဟော့ဒီ့ အတတ်လေး
ကို အချစ်ဆုံးပါပဲ ဟုတ်ပြီလား

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now