May ပေးတဲ့ လက်မှတ်ကို Bright ယူလိုက်တယ်။ အားလုံးရဲ့ အကြည့်တွေ ကလည်း Brightဆီမှာ
ပါ။B> Sorry အစ်မMay
Bright လက်မှတ်ကို ဆုတ်ဖြဲလိုက်တယ်။ Win မျက်လုံးအပြူးသားနဲ့ Bright ကို လှည့်ကြည့်
လိုက်တယ်။B> နေလုံး သားကို ဒယ်ဒီမေးမယ်နော် တီတီMay က သားအမေ ဒယ်ဒီက သားကို ကျွေးမွေးစောင့် ရှောက်လာပေမယ့် သားနဲ့ဘာမှ မတော်ဘူး သား အခု တီတီMay နဲ့ လိုက်သွားရင် တစ်ချိန်မှာ သား လိုချင်တဲ့ အဖေရယ် အမေရယ် ပြီးတော့ သား
လေးရယ် ပြီးပြည့်စုံတဲ့ မိသားစုတစ်ခုကိုရမယ်သားက ဒီမှာ ဒယ်ဒီ နဲ့ နေခဲ့မယ်ဆိုရင် သားလို ချင်တဲ့ အမေတော့ မရဘူး ဒယ်ဒီရယ် ပါးပါးရယ် ဆိုတဲ့ မိသားစုလေးတော့ ရမယ် သားကို ယောင်္ကျားလေး နှစ်ယောက်က မွေးထားတယ်
ဆို ပြီး သူငယ်ချင်းတွေက မခင်တာမျိုးလည်း ဖြစ်နိုင်တယ် သားအမေနဲ့ ကိုကိုWin နှစ်ယောက်တည်းက တစ်ယောက်နဲ့ပဲ နေရမယ်
ဆိုရင် သား ဘယ်သူ့ ကိုရွေးမှာလဲBright စကား အဆုံး နေလုံးလေးက Win ကိုတစ်လှည့် May ကိုတစ်လှည့် လှည့်ကြည့်
တယ်။ နေလုံး ပြန်ဖြေမယ့် အဖြေကို အားလုံး
ကလည်း စိတ်ဝင် တစားစောင့်နေတယ်။ May အပါအဝင်ပေါ့။Li> နေလုံးကတော့ ကိုကိုWin ကိုရွေးမယ်
Bright ရယ်လိုက်တယ်။ Win လည်း ပျော်လွန်း
လို့ မျက်ရည်ကျမိတယ်။ အားလုံးလည်း အခုမှပဲ ရယ်နိုင် တော့တယ်။W> နေလုံး
Li> ဒယ်ဒီ့ကို နေလုံးချစ်သလို ဒယ်ဒီ ချစ်တဲ့ ကိုကိုWin ကိုလည်း နေလုံး ချစ်တာပေါ့
Win နေလုံးလေးကို ချီပြီး ဖက်ထားလိုက်တယ်။
နေလုံးကလည်း Win ကိုပြန်ဖက်ထားတယ်။B> ဘယ်လိုလဲ အစ်မ လောကကြီးမှာ သွေးသား
သံယောဇဉ်ထက် မေတ္တာတရားက ပိုအရေးကြီး
တယ် ဆိုတာ ယုံသွားပြီလားMay> ငါရှုံးပါတယ် နင်နိုင်တယ် တကယ်တော့ နေလုံးကို နင့်ကိုပြန်ပေးရမယ်ဆိုတာ ငါသိပြီး
သားပါ မခံချင်စိတ်နဲ့ မဖြစ်နိုင်တဲ့ လောဘစိတ် ကြောင့် အခုလို ဖြစ်ခဲ့ရတာ နင့်စိတ်ကိုလည်း သိချင်တယ်
YOU ARE READING
တွယ်နှောင်မိတဲ့....ရင်ခွင်
Fanfictionစိတ်ထဲရှိတာလေး ပုံဖော်ထားတာကို အမှတ်တရ သိမ်းထားချင်လို့ပါ အရာအားလုံးကစိတ်ကူးသက်သက်ဖန်တီးထားတာမို့မည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်လိုခြင်းမရှိပါဘူးဗျာ #BrightWin