Part-4(Unicode)

327 15 0
                                    

တိတ်ဆိတ်နေတဲ့ကောင်လေးနှစ်ယောက်ရဲ့ စိတ်ထဲမှာတော့ အတွေးကိုယ်စီနဲ့ပါ။

အဲ့ညက Win အိပ်သွားပေမယ့် Bright မအိပ်နိုင်ခဲ့ဘူး။

Winရဲ့ ထွက်သွားတော့မယ် ဆိုတဲ့ စကားသံ
ကိုပဲ စိတ်ထဲ စွဲနေတယ်။ အိပ်ပျော်နေတဲ့
Win မျက်နှာလေးကို ကြည့်နေရင်းနဲ့ အလိုလိုမြန်လာတဲ့ နှလုံးခုန်သံ။ ငါ သူ့ကို ရင်ခုန်တာလား။ မဖြစ်နိုင်တာ။ ဘယ်လိုလုပ်
ပြီးတော့ ငါက သူ့ကို။

အဲ့ညက Bright Win ရဲ့မျက်နှာ ကိုကြည့်
ရင်း Win နားမှာပဲ အိပ်ပျော်သွားတယ်။

မနက်မိုးလင်း Win နိုးလာတော့ ဘေးမှာ
အိပ်ပျော်နေတဲ့ Bright မျက်နှာကိုကြည့်ပြီး ကျွန်တော်လေ အကို့ရဲ့ နှုတ်ခမ်းတွေကို အရမ်းမြတ်နိုးတယ်။

တစ်ခါလောက်တော့ အဲ့နှုတ်ခမ်းတွေဆီက ပေးမယ့် ကျွန်တော့အတွက် အနမ်းတစ်ပွင့်
ကို ကျွန်တော် လိုချင်တယ်။

ဝမ်းနည်းဖို့ကောင်းတာက အဲ့နေ့က ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး အကို။ အခုလို အကို အိပ်ပျော်နေတာပဲ ကောင်းပါတယ်။

ကျွန်တော်ပြောချင် တာတွေပြောလို့ရတယ်။
ဒီလို အချိန်မှာ ကျွန်တော် အကို့ကို ဘယ်တော့မှ ပြောခွင့်ရမှာ မဟုတ်တဲ့ စကားတစ်ခွန်းကိုပါ ပြောချင်တယ် အကို။

"ကျွန်တော် အကို့ကို အရမ်းချစ်တယ်"

ကျေနပ်ပါပြီအကို။

Win  သူပြောချင်တာ ပြောခွင့်ရသွားပြီမို့ Bright ကိုနှိုးလိုက်တယ်။

W> အကို ထတော့လေ မိုးတောင်လင်းနေပြီ

B> ဟုတ်လား အကိုအိပ်ပျော်သွားတာ အချိန် တောင် ဒီလောက် ရှိသွားပြီလား

W>ဟုတ်တယ်အကို ဂျူတီရှိသေးတယ် မဟုတ်လား

B> အင်း ဟုတ်တယ် အကိုသွားလိုက်ဦးမယ်
နော်

W> ဟုတ်အကို Bright ထွက်သွားတော့မှ

အကို မကြားတာပဲ ကောင်းပါတယ်။ အကို့ရဲ့
အချစ် ကိုမရလျှင်တောင် အကို့ရဲ့ ဂရုစိုက်မှု
ကိုတော့ ကျွန်တော် လိုချင်သေးတယ် အကို။ ဒါလေးတော့ ကျွန်တော့ကို လောဘတက် ခွင့်ပြုပါ အကို။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now