Part-17(Unicode)

232 12 0
                                    

*အချစ်ဆိုတာဘာလဲ
သေချာမသိပေမယ့်
အချစ်ဆိုတာကိုယ်ချစ်ရတဲ့
သူအနားမှာနေပြီး
သူ့အပြုံးကိုမြင်ရရုံနဲ့
ကိုယ်ပါလိုက်ပျော်မိတာမျိုးပါ
အဲ့လိုကိုယ့်ကိုပျော်စေတဲ့
မင်းလေးကိုအရမ်းချစ်တယ်Win*

မနက်မိုးလင်း ကုမ္ပဏီကိုသွားဖို့ပြင်နေတုန်း ထူးထူးဆန်းဆန်း စိတ်တွေလေးနေမိတယ်။ အိပ် နေတဲ့ နေလုံးကိုကြည့်ပြီး ငိုချင်နေတဲ့
စိတ်က တစ်ခုခုဖြစ်တော့မယ်လို့ သတိပေး
နေသလိုပဲ။

နိုးလာတဲ့ နေလုံးကို ရင်ခွင်ထဲ ထည့်ထားပြီး
တင်း နေအောင် ဖက်ထားလိုက်တယ်။

Li> ဒယ်ဒီ ဘာဖြစ်လို့လဲဟင် နေလုံး အသက်ရှူ ကြပ်တယ်

B> ဆောရီးပါ သားရယ်

ရင်ခွင်ထဲက နေလုံးလေးက သူ့လက်သေး
သေးလေးနဲ့ နဖူးကို လာစမ်းတယ်။

Li> ဒယ်ဒီ နေမကောင်းဘူးလားဟင်

B> ဒယ်ဒီ နေကောင်းပါတယ် သားရဲ့ ဘာမှ မဖြစ် ဘူးနော်

Li> နေကောင်းတယ်ဆို ဘာလို့ငိုနေတာလဲ
ဟင်

B> မငိုပါဘူး သားရဲ့ သွားပြင်တော့လေ မူကြိုသွား ရအောင်

Li> ဟုတ် ဒယ်ဒီ

Bright သူ့ပါးလေးကိုနမ်းပြီး အခန်းထဲဝင်
သွားတဲ့ သား ကိုကြည့်ပြီး အလိုလိုကျလာတဲ့ မျက်ရည်ကို သုတ်လိုက်တယ်။

Winက တံခါးအကွယ်ကနေ ရပ်ကြည့်နေ
တယ်။

W> ဘာဖြစ်‌လို့ငိုတာလဲအကိုရယ် ကျွန်တော့ ရင်တွေ နာလိုက်တာ

Winကားနောက်ကြည့်မှန်ကနေ ကြည့်
လိုက်တိုင်း Bright ကအသက်မဲ့နေတဲ့ မျက်နှာနဲ့အပြင် ကိုပဲ ငေးနေတယ်။

ကုမ္ပဏီရောက်တဲ့ အထိ မျက်နှာသေနဲ့မို့ Win စိတ်ပူလာတယ်။ ဘာဖြစ်တာလဲ မေး
မလို့ပြင်လိုက်ပေမယ့် အစည်းအဝေး အခန်း
ထဲ တန်းဝင်သွားတာ ကြောင့် မမေးဖြစ်
လိုက်။ အခန်းထဲ ပြန်ဝင်လာမယ့် အချိန်ကို စောင့်နေတုန်း အခန်းထဲကို ဝင်လာတဲ့ အမျိုးသမီး‌တစ်ယောက်။ အကိုနဲ့ ရုပ်ချင်း
ဆင်ချင် ပေမယ့် သေချာကြည့်ရင် သိပ်
မတူသလိုထင်ရတယ်။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now