Part-21(Unicode)

230 13 0
                                    

ကျွန်တော့ရဲ့ စိန်ခေါ်မှုက ကြီးမားပေမယ့် ရလာ မယ့်ရလဒ်က ကျွန်တော့ကို ကျေနပ်စေမှာပါ။ အခုတော့ အစ်မMay နေလုံးလေးကို လာခေါ်ရင် ထည့်ပေးနိုင်ဖို့ သတ္တိမွေးရဦးမှာပေါ့။

နေလုံးတို့ပြန်လာတော့ Win မျက်နှာက သိပ်မ
ကောင်းဘူး။ Win ဘာတွေကို ရိပ်မိထားတာလဲ
မဟုတ်မှ သူအားလုံးကို သိနေပြီလား။

Li> ဒယ်ဒီ တီတီMay ပြန်သွားပြီလားဟင်

B> အင်း နေလုံးလေး ဘာမုန့်စားလာလဲဟင်

Li> နေလုံး ရေခဲမုန့်စားလာတယ် နေလုံး ကိုယ့် ဘာကိုယ် ရေချိုးပြီး အိပ်လိုက်တော့မယ်နော်

B> အင်းပါ ဒယ်ဒီ လာအိပ်ပေးရမလား

Li> ရတယ် ဒယ်ဒီ နေလုံးတစ်ယောက်တည်းပဲ အိပ်လိုက်မယ်နော်

မျက်နှာမကောင်း လာရတဲ့ အကြောင်းကိုသိချင်  တာကြောင့် Win အခန်းထဲဝင်သွားပေမယ့် ထိုင်ခုံ
မှာမတွေ့တာကြောင့် ဟိုဟိုဒီဒီ ရှာနေတုန်း အနောက်ကနေ ပခုံးကို သိုင်းဖက်လာတဲ့လက် တစ်စုံ။

B> Win ဘာဖြစ်လာတာလဲ မျက်နှာမကောင်းပါ လား

W> ရင်နာလာတာ

B> ဟင် ဘယ်လို

ဖက်ထားတာကို ဖယ်ပြီး သူ့ဘက်လှည့်မလို့ ပြင်လိုက်ပေမယ့် အလှည့်မခံပဲ ပိုတင်းအောင်
ဖက်ထားတာကြောင့်

B> ဒီလိုပဲ ဖက်ထားတော့မှာလား

W> ကျွန်တော်က အကို့ကို အားလုံးနဲ့ဝေးရာကို အပြီးထွက်သွားဖို့ ခေါ်ရင်လိုက်မှာလား

B> ကိုယ်တို့ ရှောင်မပြေးကြေးလေကွာ အခုဘာ ဖြစ်နေလဲ ကိုယ့်ကိုပြော

W> အကို နေလုံးကိုရွေးပြီး ကျွန်တော့ကို ထားခဲ့ မှာကြောက်လို့

B> မင်းရော နေလုံးရောက ကိုယ့်အတွက် ရွေး ချယ်စရာမဟုတ်ပါဘူး စိတ်ချပါ ကိုယ်နှစ်
ယောက်လုံးကို လက်မလွှတ်ဘူး မင်းဘာတွေသိ ထားလဲ Win

W> အားလုံးသိတယ်အကို အကို ရင်ကွဲမတတ် ငိုခဲ့တဲ့ အကြောင်း အကို့ရဲ့ ငယ်ဘဝအကြောင်း အကုန်ပဲ အကို

Bright ဖက်ထားတဲ့ လက်ကိုဖယ်လိုက်ပြီး

B> ဘာလို့ မင်းက အမြဲတမ်း ဟန်ဆောင်နေရ
တာလဲ

တွယ်နှောင်မိတဲ့....ရင်ခွင်Tempat cerita menjadi hidup. Temukan sekarang