Part-25(Unicode)

230 13 0
                                    

ရုတ်တရက် တိတ်ဆိတ် သွားတဲ့ အချိန်မှာ ထွက် ပေါ်လာတဲ့ အသံတစ်ခု တီ......တီ......Bright ကို တပ်ထားတဲ့ နှလုံးစက်ဆီက အသံ အပြေး
အလွှား ရောက်လာသော ဆရာဝန်နဲ့ သူနာပြု
များ Win လည်း မှန်နား ကပ်ပြီး အထဲကို ကြည့်
လိုက်တယ်။

တဖြည်းဖြည်း ကျဆင်းလာတဲ့ နှလုံးခုန်နှုန်းနဲ့ မြည်နေသော တီ....ဆိုတဲ့ အသံတွေက ကျွန်
တော့ နှလုံးသားကို ဓားနဲ့ မွှန်းနေသလိုပဲ။

ဆရာဝန် တစ်ယောက်က ကုတင်ပေါ်တက်ပြီး Bright ရဲ့ ရင်ဘတ်ပေါ် လက်နဲ့ဖိပြီး နှလုံးခုန်နှုန်း တက်လာအောင် လုပ်လိုက်တယ်။

အကြိမ်ရေတွက် များစွာ လက်နဲ့ ဖိပြီး အောက်
ဆီဂျင် ပေးရှူပြီး ပြန်ဖိလိုက် လုပ်နေပေမယ့် နှလုံးခုန်နှုန်း တက်မလာတာကြောင့်

Doctor> နှလုံးရှော့ခ်ရိုက်စက် ပြင်ပေးပါ

Nurse> အဆင်သင့်ဖြစ်ပါပြီဆရာ

နှလုံးရှော့ခ်ရိုက်စက်နဲ့ နှလုံးခုန်နှုန်းတက် လာ အောင် လုပ်လိုက်တယ်။

တစ်ကြိမ် ရိုက်လို့ တက်မလာ တာကြောင့် နောက် တစ်ကြိမ် ထပ်ရိုက်တယ်။

နှစ်ကြိမ် လည်း တက်မလာတာကြောင့်

သုံးကြိမ် ‌မြောက်ရိုက်ပြီးတဲ့ အချိန်မှာ ပြန်တက် မလာတော့တဲ့ အပြင် နှလုံး ခုန်နှုန်းပြနေတဲ့ မော် နီတာ ပေါ်က ကောက်ကြောင်းလေးဟာ တညီ ထဲဖြစ်သွားပြီး တီ.......ဆိုတဲ့ အသံရှည်ကြီး  ထွက်ပေါ်လာတော့တယ်။

W> မဖြစ်ဘူး အကို ကျွန်တော့ကို မထားခဲ့ပါနဲ့

Win အခန်းတံခါးကို အတင်းဖွင့်ဝင်ပြီး အော်
လိုက် တယ်။

Ren လည်း အခန်းမှန်နားကို ပြေးသွားလိုက်တယ်။ MJ နဲ့ Love နဲ့ လည်း ခပ်လှမ်းလှမ်း မှာ မတ်တပ်ရပ် နေတယ်။

Ren> ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့ ‌သတိရလာ ပေးပါ

Ren စိတ်ထဲမှာ တိုးတိုးလေး ရေရွတ်ကာ ဆုတောင်းမိတယ်။

Nurse> လူနာရှင် အထဲ ဝင်လို့မရပါဘူး ရှင့် အပြင်ကို ပြန်ထွက်ပေးပါနော်

သူနာပြု ဆရာမ ကလည်း Win ကို အခန်း အပြင်
ကို အတင်းတွန်းထုတ်တယ်။

တွယ်နှောင်မိတဲ့....ရင်ခွင်Where stories live. Discover now