မျက်မမြင်ကိုယ်လုပ်တော်လေး

4.3K 154 0
                                    

Chapter 1

Mori Sue:
TBC ( 1)

ဆောင်းအကုန်နွေဦးကာလမှာ လူများစွာနှစ်သက်သဘောကျသော ရာသီတစ်ခုပင် ။ မပူပြင်းသောနေရောင်နွေးနွေးနှင့်အတူ အသစ်ပြန်လည်ထွက်ပြူစပြုနေသော သစ်ပင်ပန်းမန်တို့မှာလည်း အလွန်လှပပြီး နေထိုင်ရအလွန်သက်တောင့်သက်သာရှိလှသည် ။

ကြောင်ဖြူလေးတစ်ကောင်မှာ နေပူဆာလူံရင်း ပျင်းရိစွာမှေးစက်နေလေသည် ။ သူ၏အဖြူရောင်ဝမ်းဗိုက်အားလှစ်ဟပြသထားပြီး ပန်းနုရောင်ကြောင်လက်ဖဝါးလေးမှာ ကောင်းကင်ပေါ်သို့ဦးတည်ထား၍ ပက်လက်လှန်ကာအိပ်ပျော်နေလေသည် ။

မျက်မမြင်ကိုယ်လုပ်တော်လေး၏ကြောင်မှာအအိပ်အလွန်မက်သည့်ငပျင်းလေးပါပင် ။

အချိန်ခဏမျှကြာသောအခါ ထိုငပျင်းလေးက အပျင်းကြောဆန့်ကာ သမ်းဝေလေ၏ ။ ငပျင်းလေး၏သမ်းဝေသံကြောင့် မျက်မမြင်ကိုယ်လုပ်တော်လေးမှာ ခပ်ဖွဖွပြုံးလိုက်ကာ လက်ရန်းအားအမှီပြုပြီး ခြံဝန်းလေးထဲသို့စမ်းတဝါးဝါးဖြင့်ဆင်းလာလေသည် ။

ထို့နောက် သူ၏ကုလားထိုင်လေးအားရှာဖွေကာ လှဲချလိုက်ပြီး နေရောင်ခြည်၏နွေးထွေးသောအထိအတွေ့အားဇိမ်ယူခံစားနေသည် ။

မည်သူကမျှ မျက်မမြင်ကိုယ်လုပ်တော်လေး နန်းတော်အတွင်းသို့ဝင်သည့်အချိန်အားမသိသကဲ့သို့ အဘယ့်ကြောင့် အအေးနန်းဆောင်အတွင်းပစ်ပယ်ထားခြင်းခံနေရသည်ကိုလည်းမသိကြပါချေ ။

သူ၏ မျက်လုံးအဘယ့်ကြောင့်ကွယ်နေသည်ကိုပင် မည်သူမျှမသိပေ ။

နန်းတော်ကြီးအတွင်းအမျိုးမျိုးသောမှန်းဆချက်များထွက်ပေါ်နေပြီး အချို့မှာအဖျားကြီး၍အသက်ဆုံးရူံးလုနီးပါးဖြစ်ခဲ့ရသောကြောင့် အမြင်အာရုံဆုံးရူံးခဲ့ခြင်းဖြစ်သည်ဟုပြောဆိုကြကာ အချို့မှာတော့ မျက်မမြင်ကိုယ်လုပ်တော်လေး နန်းတော်တွင်းဝင်စအချိန်၌ သူ၏မျက်လုံးများမှာအလွန်တရာလှပပါသော်လည်း အကြောင်းအရင်းတစ်ချို့ကြောင့်ပျက်ဆီးသွားရသည်ဟုဆိုကြလေ၏ ။

နန်းတော်တွင်းမှ ကိုယ်လုပ်တော်များနှင့်အစေခံအများစုမှာ မျက်မမြင်ကိုယ်လုပ်တော်လေး၏မျက်လုံးအားမြင်ဖူးချင်ကြပါသော်လည်း မည်သူမျှအရဲစွန့်ကာမကြည့်ရူရဲကြချေ ။

မျက်မမြင်ကိုယ်လုပ်တော်လေးWhere stories live. Discover now