Chapter 3
Mori Sue:
TBC ( 3)
ဤရက်ပိုင်းအတွင်း မျက်မမြင်ကိုယ်လုပ်တော်လေးမှာ ထူးထူးဆန်းဆန်း အရာများအားကြုံတွေ့နေရလေသည် ။ ထမင်းစားသောအခါတွင် ပန်းကန်းလုံး၏အနားသတ်မှာအရင်ကကဲ့သို့ကြမ်းတမ်းခြင်းမရှိသည့်အပြင် ချောမွတ်နေကာအထိအတွေ့ဖြင့်ပင်ပစ္စည်းကောင်းတစ်ခုဖြစ်ကြောင်းသိနိုင်လေသည် ။
" အာ...ရှောင်ပေါင် ငါတို့မွာ ဘယ်တုန်း
ကပန်းကန်လုံးအသစ်တွေရှိသွားရတာလဲ "
ရှောင်ပေါင်က ပြတ်သားစွာငြင်းဆိုလေသည် ။
" အသစ်တွေမဟုတ်ပါဘူး "
မျက်မမြင်ကိုယ်လုပ်တော်လေးက မျက်မှောင်ကြုတ်လိုက်ရင်း ပန်းကန်လုံး၏နေရာအနှံ့ကိုလက်ချောင်းများဖြင့် ပွတ်သပ်စူးစမ်းနေလေသည် ။ ခဏမျှကြာသောအခါ တစ်စုံတစ်ခုအားရှာတွေ့သွားဟန်ဖြင့်ထပြောလေ၏ ။
" အာ..."
ရှောင်ပေါင်မှာ လန့်၍ထပင်ခုန်မိသွားသည် ။
" ဘာလဲ...ဘာဖြစ်လို့လဲ "
" အရင်က ငါသုံးတဲ့ပန်းကန်လုံးကဒီနားမှာအက်နေတယ်... ဒါပေမဲ့ ဒီပန်းကန်လုံးက တစ်နေရာမှအက်မနေဘူး ပြီးတော့လဲ ကိုင်ရတာချောမွတ်နေတာဘဲ "
" သခင်အမှတ်မှားတာနေမှာပါ "
ရှောင်ပေါင်၏ အသံမှာယုံကြည်ချက်ကင်းမဲ့နေလေ၏ ။
" ငါ...ငါဘယ်လိုလုပ်မှားမှတ်မိတာဖြစ်နိုင်ပါ့မလဲ "
မျက်မမြင်ကိုယ်လုပ်တော်လေး၏ အသံမွာ ငိုတော့မလိုပင်ဖြစ်လာလေသည် ။
" မနှစ်က ငါစွပ်ပြုတ်သောက်ရင်း အက်ကွဲရာကြောင့်နူတ်ခမ်းရှသွားတော့ မင်းတောင်ငါ့ကိုဆူလိုက်သေးတယ်လေ "
ရှောင်ပေါင်က မျက်နှာလွှဲကာပြောလေ၏ ။
" အဲ့လိုဖြစ်ခဲ့တာလား "
မျက်မမြင်ကိုယ်လုပ်တော်လေးက သူ၏စကားအားသက်သေပြရန်အတွက် ပန်းကန်လုံးကို အသည်းအသန်ကိုင်တွယ်ရင်း အက်ကွဲရာလေးအားရှာဖွေနေခဲ့သည် ။

KAMU SEDANG MEMBACA
မျက်မမြင်ကိုယ်လုပ်တော်လေး
RomansaTittle- Blind Concubine ဘာသာပြန် - Mori Sue Description " မျက်မမြင်ကိုယ်လုပ်တော်လေး " တစ်ချိန်တုန်းက ခမ်းနားထည်ဝါသောနန်းတော်ကြီး၏ အအေးနန်းဆောင်အတွင်း၌ မျက်မမြင်ကိုယ်လုပ်တော်လေးတစ်ပါးရှိလေသည် ။ ထိုကိုယ်လုပ်တော်လေး၌ နှင်းကဲ့သို့ဖြူဖွေးသောကြောင် လေးတစ...