မျက်မမြင်ကိုယ်လုပ်တော်လေး

586 65 1
                                    

Chapter 21

Mori Sue:

TBC       ( 21 )

ကျန်းယုမှာ အစေခံတစ်ယောက်၏ တလေးတစားလမ်းပြမှုနောက်မှလိုက်၍ နန်းတွင်းအတွင်းသို့၀င်လာခဲ့သည် ။ သူ၏ မျက်နှာထားမှာ ယခင်အတိုင်းပင် အေးစက်၍မာနကြီးသည့်အလှမျိုးဖြင့်လှပနေဆဲဖြစ်ပြီး နန်းတော်အတွင်းသို့ဖိတ်ခေါ်ခံရသည့် ဧည့်သည်တစ်ယောက်အနေဖြင့် ဧကရာဇ်နှင့်တွေ့ရမည်ဖြစ်သောကြောင့် ထိတ်လန့်ကြောက်ရွံ့ခြင်းမျိုးရှိမနေပေ ။

ဧကရာဇ်က ကျန်းယု အားမေးလိုက်သည် ။

" ကိုယ်လုပ်တော်က အခုအပြင်းဖျားနေတယ် ကျေးဇူးပြုပြီး  မင်းသူ့အခြေအနေကိုစစ်ဆေးပေးလို့ရမလား "

ကျန်းယုက ခနဲ့သည့်လေသံဖြင့်

" ဒီလူ့မှာ အရည်အချင်းရော ကံကောင်းမှုရောမရှိပါဘူး ... ဘယ်လိုလုပ်ပြီး ဧကရာဇ်တစ်ယောက်တောင်းဆိုတာကိုလက်ခံ၀ံ့ပါ့မလဲ "

ဧကရာဇ်က ကုတင်ပေါ်၌ဖျော့တော့စွာလဲလျောင်းနေဆဲဖြစ်သည့် မျက်မမြင်ကိုယ်လုပ်တော်လေးအားကြည့်၍ နောက်တစ်ကြိမ်ထပ်ပြောလိုက်သည် ။

" တကယ်လို့ ငါကိုယ်တော်မင်းကိုခခယယတောင်းပန်ရမယ်ဆိုရင်လဲ တောင်းပန်ပါ့မယ် "

ကျန်းယုက မျက်ခုံးပင့်လိုက်လေ၏ ။

" အရှင်မင်းကြီးရဲ့စကားကြောင့် ကျွန်တော်တော့ အသက်တိုတော့မှာပဲ ... တစ်လောကလုံးကအရှင်မင်းကြီးရဲ့အပိုင်ပဲလေ ဘာမဟုတ်တဲ့ သစ်တော်သီးခြံသေးသေးလေးကို ဖျက်ဆီးပစ်ဖို့ဆိုတာ အရှင့်အတွက် ပုရွက်ဆိတ်တစ်ကောင်ကိုသတ်တာထက်တောင်လွယ်ကူတယ်မလား ... အရင်ဧကရာဇ်နဲ့ ကျွန်တော့်ဖခင်ရဲ့ ခင်မင်ရင်းနှီးမှုကိုမထောက်ထားခဲ့ရင် ကျွန်တော့်ခေါင်းတောင်ဘယ်ဆီနေမှန်းသိမှာမဟုတ်ဘူး ...အရှင်က သနားညှာတာထားလို့သာ အသက်ရှင်နေတာပါ မခံယူ၀ံ့ပါဘူး ... မခံယူ၀ံ့ပါဘူး "

( TN / အလှလေး ကျန်းတို့ကတော့ ရရင်ရသလိုကိုပြန်ဖဲ့ပါတယ် 😆 )

ဧကရာဇ်ကိုယ်တိုင်သည်လည်း သစ်တော်သီးဥယျာဥ်၌ ဖြစ်ပျက်ခဲ့သည့်ကိစ္စ၌ သူ၏လုပ်ရပ်နှင့်သဘောထားတို့မှာ အလွန်ရိုင်းပြပြင်းထန်ခဲ့ကြောင်းသဘောပေါက်သဖြင့် ကျန်းယု၏ ခနဲ့တဲ့တဲ့စကားများကို သည်းခံကာ လေသံပျော့ပျော့နှင့် အလျှော့ပေးလာသည် ။

မျက်မမြင်ကိုယ်လုပ်တော်လေးDonde viven las historias. Descúbrelo ahora