မျက်မမြင်ကိုယ်လုပ်တော်လေး

786 91 1
                                    

Chapter 10

Mori Sue:

TBC.      ( 10)

မိုးချုပ်လုနီးနီးအချိန်မှသာ မျက်မမြင်ကိုယ်လုပ်တော်လေးက ပေါက်စီလုံးလေး၏လက်ကိုဆွဲ၍ပြန်လာလေသည် ။

ရှောင်ပေါင်က ယုလီအတွက်ကြောင်စာပြင်ပေးနေရင်းဖြင့်ပင် ခေါင်းမော့မကြည့်ဘဲပြောလိုက်သည် ။

" နောက်ထပ်နည်းနည်းကြာလို့မှပြန်ရောက်မလာရင် နှစ်ယောက်စလုံးပျောက်သွားပြီလို့ထင်တော့မလို့ "

ပေါက်စီလုံးလေးမှာအသည်းအသန်မျက်လုံးပြူးလျှက် ရှောင်ပေါင်လေးကိုအံ့အားသင့်စွာပြောလာလေ၏ ။

" မင်းရဲ့လေသံက ဘာဖြစ်လို့ ငါ့အစ်ကိုတော်ရဲ့လေသံနဲ့တစ်ပုံစံတည်းဖြစ်နေရတာလဲ "

ရှောင်ပေါင်က မင်းသားလေးအားလှည့်ကြည့်၍ဆိုလာသည် ။

" အရှင်မင်းသား ကျွန်တော့်ကို အရှင့်အစ်ကိုတော်နဲ့နှိူင်းယှဥ်ပြီးပြောလို့မဖြစ်ပါဘူး "

ဆတ်ဆတ်ထိမခံဖြစ်နေသော ရှောင်ပေါင်အားကြည့်၍ မျက်မမြင်ကိုယ်လုပ်တော် လေးကပြုံးရင်းပြောလိုက်သည် ။

" နောက်လဲနောက်ကျနေပြီဆိုတော့ သူ့ကိုငါတို့နဲ့ပဲညစာအတူတူစားခိုင်းလိုက်မလား... "

ရှောင်ပေါင်က ထိုအကြံအားသဘောမတူပါချေ ။

" ကျွန်တော့်မှာ ဒီမင်းသားလေးကိုအလိုလိုက်နေဖို့အချိန်မရှိဘူး "

မျက်မမြင်ကိုယ်လုပ်တော်လေး တစ်ခွန်းမှမပြောရသေးခင်မှာပင် ပေါက်စီလုံးလေးက ရှောင်ပေါင်အားအော်ပြောလာလေ၏ ။

" မင်းကဘယ်လိုတောင် မင်းသခင်ရဲ့အမိန့်ကိုငြင်းဆန်ရဲရတာလဲ "

မျက်မမြင်ကိုယ်လုပ်တော်လေးခမျာ ရန်ထဖြစ်တော့မည့်အရိပ်အယောင်ရှိနေသည့် နှစ်ယောက်အား အမြန်ထဖြန်ဖျေရလေသည် ။

" ဟုတ်ပါပြီ...ဟုတ်ပါပြီ... ငါဗိုက်ဆာနေပြီ... ဒီကိစ္စကိုထမင်းစားပြီးမှ ဆက်ပြောကြရအောင်လား... အဲ့တော့မှပြောလည်းနောက်မကျသေးပါဘူး "

ပေါက်စီလုံးလေးက မျက်နှာထားတင်းတင်းဖြင့် လက်နောက်ပစ်ပြီးနောက်လေသံမာမာနှင့်ဆိုလာသည် ။

မျက်မမြင်ကိုယ်လုပ်တော်လေးHikayelerin yaşadığı yer. Şimdi keşfedin