Chapter 5
Mori Sue:
TBC. ( 5)
ဧကရာဇ္က ထိုင်ခုံပေါ်တွင်မထိုင်မှီတွင် ကြမ်းပြင်ပေါ်၌ဒူးထောက်ထားသည့်လူတစ်စုအား ဝေ့ဝဲကြည့်ရူလိုက်သေးသည် ။
" ဒီလိုကိစ္စလေးကိုတောင် မင်းတို့ရှာမတွေ့နိုင်ကြဘူးလား "
စီမံခန့်ခွဲရေးဝန်ကြီးက တုန်တုန်ရီရီဖြင့်ပြန်ဖြေရှာလေ၏ ။
" အရှင်...ဒီအေစခံက နန်းတော်ရဲ့မှတ်တမ်းတွေအကုန်လုံးကိုမွှေနှောက်ရှာကြည့်ခဲ့ပေမဲ့ မျက်မမြင်ကိုယ်လုပ်တော် နန်းတွင်းထဲဝင်ရောက်တဲ့မှတ်တမ်းကိုမတွေ့ရသလို သူရဲ့မျက်လုံးကဘာကြောင့်အမြင်အာရုံကွယ်သွားတယ်ဆိုတာနဲ့ အအေးနန်းဆောင်မှာစွန့်ပစ်အပြစ်ပေးခံထားရလဲဆိုတာကိုမသိခဲ့ရပါဘူး "
ဧကရာဇ်၏ မျက်နှာထားမှာတင်းမာနေဆဲပါပင် ။
" အသက်ရှိနေတဲ့လူတစ်ယောက်လုံး နန်းတော်ထဲမှာနှစ်တွေအကြာကြီးနေထိုင်လာတာတောင် မင်းကသူ့နာမည်ကိုမသိနိုင်ဘူးဆိုတာ ဖြစ်သင့်ရဲ့လား "
စီမံခန့်ခွဲရေးဝန်ကြီးက ခေါင်းပင်မမော့ရဲဘဲ အလျင်အမြန်ပြောလိုက်သည် ။
" ဒေါသမထွက်ပါနဲ့ အရှင်... မှတ်တမ်းတွေမှာဘာမှရှာမတွေ့ခဲ့ဘူးဆိုရင်တောင်မှ ဒီအစေခံကသေချာတဲ့မှန်းဆချက်တစ်ခုကိုပြောနိုင်ပါသေးတယ်... နန်းတွင်းဝင်ရောက်တဲ့မှတ်တမ်းစာရင်းမှာ မှတ်တမ်းတင်မခံရတာက အဆင့်အနိမ့်ဆုံးကျေးကျွန်တွေပဲ ရှိပါတော့တယ် အရှင် "
ဧကရာဇ်မျက်ခုံးပင့်လိုက်သည်ကိုမြင်၍ စီမံခန့်ခွဲရေးဝန်ကြီးက အားတင်းကာဆက်ပြောလေ၏ ။
" ပြီး...ပြီးတော့ မျက်မမြင်ကိုယ်လုပ်တော်ရဲ့ အမြင်အာရုံက နန်းတော်အတွင်းကိုဝင်ပြီးနောက်မှဆုံးရူံးသွားရတာဖြစ်နိုင်ပါတယ် "
ဧကရာဇ္က ရုတ်တရက်ထလိုက်ကာ ထိုင်ခုံလက်ရန်းကို တစ်ခုခုစဉ်းစားနေဟန်ဖြင့် လက်ဆစ်နှင့်ခေါက်နေခဲ့ပြီး စီမံခန့်ခွဲရေးဝန်ကြီးမှာ အသက်ပြင်းပြင်းတောင်မရူရဲပါချေ ။
ဇကရာဇ်မှာထိုင်ခုံပေါ်တွင်ပြန်ထိုင်လိုက်သည့်တိုင်သူ၏အတွေးထဲ၌လူတစ်ယောက်၏ပုံရိပ်ကသာစိုးမိုးထားလေသည် ။အေးစက်နေသည့်နန်းတော်နံရံများကြားတွင် ပိတ်လှောင်ခံထားရပြီး လှောင်အိမ်ထဲမှဖီးနစ်တစ်ကောင်ကဲ့သို့အထီးကျန်ဆန်လှသောထိုလူပါပင် ။

ŞİMDİ OKUDUĞUN
မျက်မမြင်ကိုယ်လုပ်တော်လေး
RomantizmTittle- Blind Concubine ဘာသာပြန် - Mori Sue Description " မျက်မမြင်ကိုယ်လုပ်တော်လေး " တစ်ချိန်တုန်းက ခမ်းနားထည်ဝါသောနန်းတော်ကြီး၏ အအေးနန်းဆောင်အတွင်း၌ မျက်မမြင်ကိုယ်လုပ်တော်လေးတစ်ပါးရှိလေသည် ။ ထိုကိုယ်လုပ်တော်လေး၌ နှင်းကဲ့သို့ဖြူဖွေးသောကြောင် လေးတစ...