Chapter 14
Mori Sue:
TBC. ( 14)
အချိန်အတော်ကြာ ဂရုစိုက်အနားယူပြီးသည့်နောက်၌ မျက်မမြင်ကိုယ်လုပ်တော်လေး၏ကျန်းမာရေးမှာ အရင်ကထက်ပိုမို၍အကောင်းဘက်သို့ဦးတည်လာပြီဖြစ်သည် ။
သို့သော်ငြား စိုးရိမ်ပူပန်စရာကိစ္စတစိခုကြောင့် သူ၏မျက်နှာအရောင်မှာ မျက်ကွင်းညိုများနှင့်ဖြူဖျော့နေဆဲပင် ။
နံနက်ခင်းညီလာခံပြီးသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်က နေ့တိုင်းပုံမှန်လာရောက်လေ့ရှိပြီး ဆေးတိုက်ခြင်းနှင့် အာဟာရရှိသည့်အစားအသောက်များကျွေးခြင်းကို ကိုယ်တိုင်လုပ်ဆောင်လေ့ရှိသည် ။
ရှောင်ပေါင်မှာ စကားများများမပြောဆိုရဲသောကြောင့် တစ်နေရာတည်း၌ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ရပ်နေ၍ တိတ်တိတ်လေးစောင့်ကြည့်ရန်သာတတ်နိုင်သည် ။
မင်းသားငယ်လေးလည်း နေ့စဥ်လာရောက်လည်ပတ်လေ့ရှိပြီး နန်းတော်တစ်ခုလုံး၌ သူကြုံတွေ့ခဲ့ရသည့်အရာများအားလုံးကိုပြန်လည်ပြောပြတတ်သည် ။ ထိုကလေးမှာ မည်သည့်နေရာ၌သွားရောက်ဆော့ကစားတတ်သည်မသိရဘဲ ဖိနပ်၌ဖုန်များပေကျံနေတတ်၏ ။
မျက်မမြင်ကိုယ်လုပ်တော်လေးက လွေ့ဇီလေးအားအလွန်ချစ်ခင်နှစ်သက်သောကြောင့် ထိုကလေးမည်မျှပင် နားညီးအောင်ဆူဆူညံညံစကားပြောဆိုနေပါစေ ပြုံးပြုံးလေးနှင့်သာနားထောင်ပေးနေမည်ဖြစ်သည် ။
ရှောင်ပေါင်လေးမှာ မျက်မမြင်ကိုယ်လုပ်တော်လေး၏ အနားယူချိန်ကိုနှောင့်ယှက်မိမည်စိုးသောကြောင့် ဆန်မုန့်လုံးမင်းသားလေးက အလွန်ဆူညံကြောင်း အချိန်တိုင်းနီးပါးအတွန့်တက်ပြောဆိုနေလေ၏ ။
ထိုအချိန်၌ မျက်မမြင်ကိုယ်လုပ်တော်လေးက ရှောင်ပေါင်အား ရီမောကာပြောလေ့ရှိသည် ။
" ငါနှစ်ယောက်တည်းနေရတာ အရမ်းခြောက်ကပ်တတိတ်ဆိတ်လွန်းအားကြီးတယ် မင်းသားငယ်လေးရောက်လာတာနဲ့ ဆူဆူညံညံဖြစ်သွားရော အဲ့လိုကမှသက်ဝင်လူပ်ရှားနေတာလို့ခေါ်တယ် ရှောင်ပေါင်ရဲ့ "

ESTÁS LEYENDO
မျက်မမြင်ကိုယ်လုပ်တော်လေး
RomanceTittle- Blind Concubine ဘာသာပြန် - Mori Sue Description " မျက်မမြင်ကိုယ်လုပ်တော်လေး " တစ်ချိန်တုန်းက ခမ်းနားထည်ဝါသောနန်းတော်ကြီး၏ အအေးနန်းဆောင်အတွင်း၌ မျက်မမြင်ကိုယ်လုပ်တော်လေးတစ်ပါးရှိလေသည် ။ ထိုကိုယ်လုပ်တော်လေး၌ နှင်းကဲ့သို့ဖြူဖွေးသောကြောင် လေးတစ...