Chapter 15
Mori Sue:
TBC. ( 15. )
ရှောင်ပေါင်လေး ယုလီအားပုံမှန်ကဲ့သို့ပင် အစားကျွေးနေသည့်အချိန်၌ မျက်မမြင်ကိုယ်လုပ်တော်လေးက အခန်းထဲမှထွက်၍မေးလာ၏ ။
" ရှောင်ပေါင်... ငါတို့မှာ ဝိုင်တွေသိမ်းထားတာရှိလား "
ရှောင်ပေါင်ကခဏမျှ စဥ်းစားပြီးနောက်ပြန်ဖြေလိုက်သည် ။
" နဂါးလှေပွဲတော်တုန်းကတော့ စစ်သူကြီးချီကလူလွှတ်ပြီး ဝိုင်တချို့ပို့ပေးထားတာရှိတယ် သခင်ဘာလို့မေးတာလဲ "
မျက်မမြင်ကိုယ်လုပ်တော်လေးက အောက်နူတ်ခမ်းကိုအသာကိုက်ပြီးနောက် ခေါင်းငုံ့ကာပြောလိုက်သည် ။
" ဘာမှတော့မဟုတ်ပါဘူး... ဒီတိုင်းပဲ ဝိုင်တစ်ခွက်နှစ်ခွက်လောက်သောက်ချင်စိတ်ဖြစ်လာလို့ "
ရှောင်ပေါင်လေးက ရီမောလာ၏ ။
" ဘယ်လောက်တောင်ထူးဆန်းလိုက်လဲ... သခင်အရင်ကတစ်ခါမှသောက်ဖူးတာလဲမဟုတ်ဘဲနဲ့ "
မျက်မမြင်ကိုယ်လုပ်တော်လေးမှာရှက်သွားရပြီး သူ၏လက်နှစ်ဖက်ကိုသာဆုပ်ကိုင်ထားတော့၏ ။
" ဒါဆိုရင် သခင်ခဏစောင့်ဦးနော် ကျွန်တော်သွားယူပေးမယ် "
ခဏအကြာ၌ ရှောင်ပေါင်မှာ ဝိုင်ပုလင်းသေးတစ်လုံးကိုယူ၍ပြန်လာလေသည် ။ မျက်မမြင်ကိုယ်လုပ်တော်လေးက ဝိုင်ပုလင်းအားပိုက်၍အပြင်သို့ထွက်ရန်ပြင်လေ၏ ။
" သခင် အပြင်သွားမလို့လား "
မျက်မမြင်ကိုယ်လုပ်တော်လေးက ရှောင်ပေါင်အားခေါင်းလှည့်ကြည့်ပြီးနောက် တုံ့ဆိုင်းတုံ့ဆိုင်းနှင့်ပြောလိုက်သည် ။
" အင်း "
ထို့နောက် အပြင်သို့အမြန်လျှောက်ထွက်သွားသောကြောင့် ရှောင်ပေါင်ကလှမ်းအော်ပြောလိုက်သည် ။
" သခင် ခဏလေး ကျွန်တော်ယုလီကို အစာကျွေးပြီးမှအတူတူသွားကြမယ်လေ "
မျက်မမြင်ကိုယ်လုပ်တော်လေးကငြင်းဆန်လာ၏ ။
" ငါတစ်ယောက်တည်းသောက်ချင်ရုံပါစိတ်ပူစရာမလိုပါဘူး မင်းလိုက်လာဖို့မလိုပါဘူး "
![](https://img.wattpad.com/cover/341236069-288-k753596.jpg)
ESTÁS LEYENDO
မျက်မမြင်ကိုယ်လုပ်တော်လေး
RomanceTittle- Blind Concubine ဘာသာပြန် - Mori Sue Description " မျက်မမြင်ကိုယ်လုပ်တော်လေး " တစ်ချိန်တုန်းက ခမ်းနားထည်ဝါသောနန်းတော်ကြီး၏ အအေးနန်းဆောင်အတွင်း၌ မျက်မမြင်ကိုယ်လုပ်တော်လေးတစ်ပါးရှိလေသည် ။ ထိုကိုယ်လုပ်တော်လေး၌ နှင်းကဲ့သို့ဖြူဖွေးသောကြောင် လေးတစ...