မျက်မမြင်ကိုယ်လုပ်တော်လေး

2.3K 97 7
                                    

Chapter 28 [ Final Chapter ]

Mori Sue:

TBC     ( 28 )         

နွေရာသီအတွင်းသို့၀င်ရောက်လာသည်နှင့် ရာသီဥတုမှာတဖြည်းဖြည်းပိုပူလာလေ၏ ။

မျက်မမြင်ကိုယ်လုပ်တော်လေးက နန်းဆောင်အတွင်းရှိ ရေခဲပိုးသားအိပ်ရာပေါ်တွင်လှဲ၍ မျက်လုံးမှိတ်ထားလေသည် ။

ကျန်းယု နောက်ဆုံးတစ်ကြိမ်လာလည်ခဲ့သည်မှာ တစ်လနှင့်ဆယ့်ငါးရက်ကြာမြင့်ခဲ့ပြီဖြစ်၍ ရှောင်ပေါင်လေး နန်းတော်မှထွက်သွားသည်မှာလည်းတစ်လနှင့် ဆယ့်ငါးရက်ရှိပြီဖြစ်သည် ။

ထိုကလေးအား အလောတကြီးဖြင့် အပြင်ရောက်အောင်စီမံခဲ့ရသောကြောင့် သူတို့နှစ်ဦးစလုံးနူတ်ဆက်စကားပြောရန်ပင် အချိန်မရခဲ့ပါချေ ။ နောက်ဆုံးအကြိမ်တွေ့ ဆုံခွင့်မရလိုက်သောကြောင့် ထိုကလေးအား ကောင်းကောင်းနေထိုင်ရန်မပြောလိုက်ရချေ ။ ခုနှစ်နှစ်တာလုံးသူနှင့်အတူ ဆိုးတူကောင်းဖက် နေထိုင်ခဲ့သည့် ကလေးလေးအားနောက်ထပ်တွေ့နိုင်တော့မည်မဟုတ်ပေ ။

အမှတ်တရများအား သူ၏နှလုံးသားအတွင်းမြုပ်နှံထားနိုင်ရုံသာ...

ထိုကလေးသူ့အား အပြစ်တင်နေမည်လော... သို့မဟုတ် ကျန်းယုနှင့် အပြိုင်ရန်ဖြစ်နေမည်လော ...

ခရီးလမ်းတစ်လျှောက်ကောင်းကောင်းအိပ်ပျော်နိုင်ပါ့မလား ...

တစ်ယောက်တည်း ကောင်းကောင်းဆက်လက်ရှင်သန်သွားနိုင်ပါ့မလား ...

သူမသိပါပေ ။

သေချာသည့် အချက်တစ်ချက်မှာ ထိုကလေးအား တစ်သက်လုံးပြန်တွေ့နိုင်မည်မဟုတ်တော့ပေ ။

×××

ဂျူလိုင်လလယ်၌ ပူပြင်းနေဆဲဖြစ်သောကြောင့် အစာစားချင်စိတ်ပျောက်ဆုံးပြီး ဆန်ပြုတ်တစ်ပန်းကန်ကိုပင် ကုန်အောင်မသောက်နိုင်တော့ချေ ။ သူ့အားခစားနေကြရသည့် အစေခံတစ်သိုက်မှာ မျက်မမြင်ကိုယ်လုပ်တော်လေး အသက်ထွက်သွားမည်အား ကြောက်လန့်နေကြရသည် ။

စားသမျှအကုန်ပြန်အန်ထွက်နေသောကြောင့် များများပိုစားလေ များများပြန်အန်ထွက်လေပင် ။ နောက်ဆုံး၌ အိပ်ရာပေါ်တွင် အန်ချမိ၍စောင်များကိုညစ်ပတ်အောင်လုပ်လိုက်မိသည် ။

မျက်မမြင်ကိုယ်လုပ်တော်လေးTempat cerita menjadi hidup. Temukan sekarang