Chapter 26
Sue:
TBC ( 26 )
ဧကရာဇ်က မျက်မမြင်ကိုယ်လုပ်တော်လေး၏ အဆောင်သို့သွာသောအခါ၌ ကုတင်ထောင့်တွင်ကွေးကွေးလေးထိုင်နေသည့် ကိုယ်လုပ်တော်လေးအားတွေ့လိုက်ရသည် ။ သူ၏ မျက်နှာထက်၌ မည်သို့သော အမူအရာမျိုးကိုမှမတွေ့ရပေ ။
ဧကရာဇ်က မျက်မမြင်ကိုယ်လုပ်တော်လေးအား အလွန်တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီးနောက် ပြောလာ၏ ။
" မုရန် ... ကိုယ်မင်းအပေါ်မတရားဆက်ဆံမိသွားတယ် "
ခုနှစ်နှစ်ကြာမှ ပြောလာသည့်တောင်းပန်စကားမှာ စိတ်ရင်းကင်းမဲ့သည့်အပြင် အသုံးမ၀င်တော့ပေ ။
မျက်မမြင်ကိုယ်လုပ်တော်လေးက အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်မှ တိုးတိုးလေးပြောလာသည် ။
" အတိတ်တုန်းကအဖြစ်အပျက်တွေပါပဲ ... အရှင်တောင်းပန်စရာမလိုပါဘူး "
ဧကရာဇ်က မျက်မမြင်ကိုယ်လုပ်တော်လေးအား ခေါင်းမော့စေ၍
" မင်းကိုယ့်ကို နှစ်တွေအကြာကြီး အူထဲအသည်းထဲကနေမုန်းနေခဲ့တာမဟုတ်လား "
မျက်မမြင်ကိုယ်လုပ်တော်လေးက ဧကရာဇ်ဖက်ထားသည့်လက်အား အေးစက်စက်ဖြင့်တွန်းဖယ်လိုက်ကာ
" ဘာပဲဖြစ်ဖြစ် ... အရင်အခြေအနေကိုမှပြန်မသွားနိုင်တော့တာ အခုမှဒါတွေပြောနေလို့ရော ဘာထူးသွားမှာမို့လို့လဲ "
ဧကရာဇ်က မျက်မမြင်ကိုယ်လုပ်တော်လေးအား ပြန်လည်၍ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး လွှတ်ပေးရန် ဆန္ဒမရှိပါချေ ။
" ကိုယ် မင်းကိုပေးထားတဲ့ ကျောက်စိမ်းဆံထိုးကို ဘာလို့မထိုးထားတာလဲ "
မျက်မမြင်ကိုယ်လုပ်တော်လေးက ပေါ့ပေါ့ပါးပါးရီမော၍
" ထိုးစရာမလိုလို့ တစ်စစီခွဲပစ်လိုက်ပြီ "
ဧကရာဇ် ခေါင်းငုံ့သွားရပြီး အချိန်အနည်းငယ်ကြာသောအခါမှသာ ခေါင်းမော့၍ပြောလာ၏ ။
" မင်း ဘယ်လိုပဲလုပ်လုပ်ပါ ... ကိုယ်တစ်ပုံစံတည်းတူတာကိုအသစ်ပြန်လုပ်ခိုင်းလိုက်မယ် "
KAMU SEDANG MEMBACA
မျက်မမြင်ကိုယ်လုပ်တော်လေး
RomansaTittle- Blind Concubine ဘာသာပြန် - Mori Sue Description " မျက်မမြင်ကိုယ်လုပ်တော်လေး " တစ်ချိန်တုန်းက ခမ်းနားထည်ဝါသောနန်းတော်ကြီး၏ အအေးနန်းဆောင်အတွင်း၌ မျက်မမြင်ကိုယ်လုပ်တော်လေးတစ်ပါးရှိလေသည် ။ ထိုကိုယ်လုပ်တော်လေး၌ နှင်းကဲ့သို့ဖြူဖွေးသောကြောင် လေးတစ...