မျက်မမြင်ကိုယ်လုပ်တော်လေး

1.1K 99 0
                                    

Chapter 4

Mori Sue:

TBC ( 4)

မျက်မမြင်ကိုယ်လုပ်တော်လေးက ထိုလူအားမှတ်မိသွား၍ဝမ်းသာအားရပြောလေသည် ။

" အိုး...မင်းဘာလို့ စောစောကတည်းကရှင်းရှင်းလင်းလင်းမပြောတာလဲ "

ရှောင်ပေါင်လေး ဒူးထောက်ထားဆဲဖြစ်ကြောင်းသူမမြင်ပါချေ ။

" မြန်မြန်...ဧည့်သည်ကိုဧည့်ခံဖို့အတွက် ရေနွေးကြမ်းပြင်လေ "

ရှောင်ပေါင်မှာ သူ၏သခင်ကိုကြည့်လိုက် ဧကရာဇ်ကိုကြည့်လိုက်နှင့် မလူပ်ရဲပါပေ ။ ပတ်ဝန်းကျင်ကို တစ်စက်ကလေးမျှပင်သတိမပြုမိသူမှာ မျက်မမြင်ကိုယ်လုပ်တော်လေးတစ်ယောက်သာဖြစ်လေသည် ။

" မင်းဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ... မင်းရဲ့အထက်အရာရှိကိုရော သတင်းပို့ပြီးပြီလား "

ဧကရာဇ္က ပြုံးကာပြောလေ၏ ။

" ငါ့ရဲ့တာဝန်ချိန်ကပြီးသွားပါပြီ လမ်းကြုံလို့မင်းဆီဝင်လည်တာ "

မျက်မမြင်ကိုယ်လုပ်တော်လေးမှာ သူ့ထံလာလည်သည်ဆိုသောစကားကြောင့်အတိုင်းမသိပျော်ရွှင်သွားရလေသည် ။

" တကယ်တော့ ငါ့ဆီတစ်ယောက်ယောက်လာလည်တယ်ဆိုတာမရှိဖူးဘူး... ဒီလိုနေရာမျိုးကိုလာပြီး ဘယ်သူမှလည်းစကားပြောချင်တာမဟုတ်ဘူးလေ "

" မင်းသဘောကျတယ်ဆိုရင် ငါမကြာခဏလာလည်မယ်လေ ရတယ္မလား "

မျက်မမြင်ကိုယ်လုပ်တော်လေး ချက်ချင်ပင်ပြန်လေသည် ။

" ရတာပေါ့... ရတာပေါ့ "

သူက ဧကရာဇ္အား သားမွှေးထိုင်ဖုံပေါ်တွင် ထိုင်စေကာ ထိုင်ဖုံနှင့်အခင်းကောင်းကြောင်းပြောရန်လည်းမမေ့ပါချေ ။

" အဲ့ဒီမှာထိုင် သားမွှေးကော်ဇောကအရမ်းနူးညံ့တယ် "

ဧကရာဇ် အံ့သြဟန်ဆောင်ကာမေးလေ၏ ။

" နောက်ဆုံးတစ်ခေါက်လာတုန်းက ဒါကိုမတွေ့မိသလိုပါဘဲ မင်းကိုဘယ်သူပေးတာလဲ "

မျက်မမြင်ကိုယ်လုပ်တော်လေးက တောက်ပစွာပြုံးလိုက်လေ၏ ။

" ငါ့ကိုဘယ္သူကမ်ား ဒီလိုလက်ဆောင်မျိုးပေးမှာမို့လို့လဲ... သူများလာပစ်ထားတာတွေကို ရှောင်ပေါင်ကအသုံးဝင်မယ်ထင်လို့ကောက်လာတာ "

မျက်မမြင်ကိုယ်လုပ်တော်လေးWhere stories live. Discover now