Chapter 17
Mori Sue:
TBC ( 17 )
ဧကရာဇ်နှင့် မျက်မမြင်ကိုယ်လုပ်တော်လေးတို့မှာ နေ့နေ့ညညတစ်ပူးပူးတစ်တွဲတွဲအတူရှိနေကြပြီး ရက်အတော်အတန်ကြာသောအခါ၌ တစ်ယောက်နှင့်တစ်ယောက်အရင်ကထက်ပိုမို ရင်းနှီးလာပြီဖြစ်သည် ။ ဧကရာဇ်က သူ့အားအဖိုးတန်အရာတစ်ခုကဲ့သို့ဆက်ဆံနေပြီး အစေခံများရှေ့၌ပင် မည်ကဲ့သို့သောသံသယ၀င်စရာမျိုးကိုမှမပြခဲ့ပေ ။
နေ့တိုင်းအတူတူစားသောက်ကြပြီး စာအတူတူဖတ်ကြသည် ။ မျက်မမြင်ကိုယ်လုပ်တော်လေးက မမြင်နိုင်သောကြောင့် ဧကရာဇ်က စာဖတ်ပြပေးလေ့ရှိသည့်အပြင် အရှေ့ဘက်ရှိကြာကန်၌လည်း လှေအတူတူစီး၍လကြည့်လေ့ရှိသည် ။
မျက်မမြင်ကိုယ်လုပ်တော်လေး၏ ခန္ဓာကိုယ်မှာအားနည်းသောကြောင့် နန်းတွင်းသမားတော်များက သီးသန့်ဆေးစာရေး၍ အာဟာရပြည့်ဖြည့်စွက်စာများကိုပါ ပြင်ဆင်ပေးကြရသည် ။ တစ်ပတ်လျှင်နှစ်ကြိမ်ပြင်ဆင်ပေးသောဆေးအားသောက်သုံးရပြီး သေမတတ်ခါးသီးလှသည် ။
မျက်မမြင်ကိုယ်လုပ်တော်လေးက မပျော်မရွှင်ဖြင့် ဆေးဖက်၀င်အမြစ်များဖြင့်ကျိုချက်ထားသည့် ဆေးခါးခါးကြီးအားကြည့်၍ မကျေမနပ်ပွစိပွစိလုပ်လာ၏ ။
" အရင်နှစ်တွေတုန်းကလည်း ဆေးမသောက်ရဘဲနဲ့နေခဲ့တာအဆင်ပြေနေတာပဲကို ဘာလို့အခုမှခက်ခက်ခဲခဲနဲ့ဆေးသောက်နေရတာလဲ "
ဧကရာဇ်က စိတ်ရှည်လက်ရှည်ဖြင့်နှစ်သိမ့်ပေးလာသည် ။
" မင်းရဲ့ လက်ကျန်ဘ၀တစ်ခုလုံးကိုယ်နဲ့အတူတူဖြတ်သန်းပေးသွားမယ်လို့ ဂတိပေးထားတယ်လေ ... မင်း ဒီလိုမျိုးဂျစ်ကန်ကန်လုပ်နေဦးမယ်ဆိုရင် ကိုယ်နဲ့ ထာ၀ရနေသွားမယ်ဆိုတဲ့ ဂတိကိုဖြည့်ဆည်းရာရောက်မှာလဲ "
မျက်မမြင်ကိုယ်လုပ်တော်လေးက ထပ်မံ၍မညည်းတော့ဘဲ ဆေးခါးကြီးကိုသာ တစ်ငုံချင်းသောက်နေတော့၏ ။
ဧကရာဇ်က သကြားလုံးလေး အားမျက်မမြင်ကိုယ်လုပ်တော်လေး၏ ပါးစပ်ထဲသို့ထည့်ပေးလိုက်သည် ။
" ကိုယ်ကလေးအရွယ်တုန်းက အရမ်းဒေါသကြီးပြီးစိတ်မရှည်တတ်တာ နေမကောင်းဖြစ်လို့ဆေးသောက်ရမယ်ဆိုတာနဲ့ အသေအကျေသောင်းကျန်းတော့တာပဲ အဲ့ဒီလိုအချိန်ကျရင် ကိုယ့်ရဲ့မယ်တော်ဧကရီက အခုလိုပဲ သကြားလုံးကျွေးပြီးစိတ်ကျေနပ်အောင်ချော့လေ့ရှိတယ် "
![](https://img.wattpad.com/cover/341236069-288-k753596.jpg)
VOCÊ ESTÁ LENDO
မျက်မမြင်ကိုယ်လုပ်တော်လေး
RomanceTittle- Blind Concubine ဘာသာပြန် - Mori Sue Description " မျက်မမြင်ကိုယ်လုပ်တော်လေး " တစ်ချိန်တုန်းက ခမ်းနားထည်ဝါသောနန်းတော်ကြီး၏ အအေးနန်းဆောင်အတွင်း၌ မျက်မမြင်ကိုယ်လုပ်တော်လေးတစ်ပါးရှိလေသည် ။ ထိုကိုယ်လုပ်တော်လေး၌ နှင်းကဲ့သို့ဖြူဖွေးသောကြောင် လေးတစ...