မျက်မမြင်ကိုယ်လုပ်တော်လေး

574 57 0
                                    

Chapter 20
Sue Xing NwayApril 25, 2023
Chapter 20





Mori Sue:

TBC     ( 20 )





မျက်မမြင်ကိုယ်လုပ်တော်လေးက သစ်သားတိုင်နားသို့လဲကျလာပြီး မြေပြင်ပေါ်၌လူးလှိမ့်ကာ အပြင်းအထန်အသက်ရှုနေရင်းဖြင့် ဗလုံးဗထွေးစကားများကိုပြောဆိုနေလေသည် ။ ရှောင်ပေါင်လေးမှာ ကြည့်နေရင်းနှင့်ပင် တစ်စုံတစ်ရာပြောချင်ပါသော်ငြား ပြောမထွက်ခဲ့ပေ ။

မျက်မမြင်ကိုယ်လုပ်တော်လေး၏ နားသို့ကပ်၍နားထောင်သောအခါ၌ ရှောင်ပေါင်လေးမှာ အလွန်တရာအံ့အားသင့်သွား၍ ပါးစပ်ပင်မစိနိုင်တော့ချေ ။ အရေးအကြီးဆုံးအချက်ကိုကြားသောအခါ၌ မျက်လုံးအပြူးသားဖြင့်ကြောက်လန့်နေတော့၏ ။

အချိန်အတော်ကြာမှသာ တိုးတိုးလေးရေရွတ်လာသည် ။

" သခင် "

သူ၏အသံမဆုံးသေးခင်မှာပင် တံခါးဖွင့်နေသည့်အသံအကျယ်ကြီးထွက်ပေါ်လာလေသည် ။ တံခါးရွက်များကြမ်းတမ်းစွာအကန်ခံလိုက်ရသည့်အပြင် ကျဥ်းမြောင်းလှသည့်အကျဥ်းထောင်လမ်းတစ်လျှောက် သစ်သားပုံးများလိမ့်လာသံနှင့် သံကြိုးသံများကိုကြားနေရလေသည် ။

ရှောင်ပေါင်လေးမှာ ထို၀င်ရောက်လာသည့်စစ်သည်များဘက်သို့လှည့်၍ တည်ငြိမ်ချင်ယောင်ဆောင်ကာမေးလိုက်သည် ။

" ခင်ဗျားတို့ဘာလုပ်မလို့လဲ "

ခေါင်းဆောင်ဖြစ်ဟန်ရသောသူက ရှောင်ပေါင်အားတွန်းထုတ်လိုက်သည် ။

" မင်းကိစ္စမဟုတ်ဘူး သွားစမ်းပါ  "

ရှောင်ပေါင်လေးမှာ မျက်မမြင်ကိုယ်လုပ်တော်လေးရှိနေသည့် အကျဥ်းခန်း၏ တံခါး၀၌ပိတ်ရပ်လိုက်သည် ။

" အရှင်မင်းကြီးက အမိန့်မပေးရသေးဘဲနဲ့ ခင်ဗျားတို့ဘာလုပ်ချင်လို့လဲ "

စစ်သည်များက ရှောင်ပေါင်၏ ဗိုက်ကိုကန်လိုက်သောကြောင့် အာ့ခနဲအသံမြည်သွားပြီးနောက်၌ ကျောက်သားနံရံနှင့်တိုက်မိကာ မြေပြင်ပေါ်သို့လဲကျသွားလေ၏ ။ ရှောင်ပေါင်လေးအား အားရပါးရကန်ကျောက်နေပြီးနောက်၌ စစ်သည်အချို့က သစ်သားပုံးကြီးထဲမှရေအေးများဖြင့် မျက်မမြင်ကိုယ်လုပ်တော်လေး၏ ခေါင်းမှလောင်းချလိုက်လေသည် ။

မျက်မမြင်ကိုယ်လုပ်တော်လေးDonde viven las historias. Descúbrelo ahora