မျက်မမြင်ကိုယ်လုပ်တော်လေး

941 94 0
                                    

Chapter 6

Mori Sue:

TBC.    ( 6)

သုံးယောက်သား ဈေးထဲသို့ဝင်လာပြီးနောက်တွင် မျက်မမြင်ကိုယ်လုပ်တော်လေးက စိတ်လူပ်ရှားစွာဖြင့် ဟိုဟိုဒီဒီသွားကြည့်ချင်နေသောကြောင့် ရှောင်ပေါင်မှာ ချော်လဲမသွားစေရန် ရင်တမမဖြင့်သာလိုက်လံကြည့်ရူထိန်းသိမ်းနေရလေသည် ။

" သခင် ... လမ်းမပေါ်မှာ မြင်းလှည်းတွေအများကြီးရှိတယ် သတိထားဦး "

" စိတ်မပူပါနဲ့ မြင်းငါ့အနားရောက်လာရင်သိမှာပါ မြင်းခွာသံကိုငါကြားနေရတာပဲကို "

မျက်မမြင်ကိုယ်လုပ်တော်လေးက လမ်းဘေးရှိဆိုင်တန်းလေးများအနီးတွင်လမ်းလျှောက်ရင်း ပျော်ရွှင်စွာဖြင့် ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တရူံ့ရူံ့အနံ့ခံနေလေ၏ ။

" ဂဏန်းအသားလုံးကြော် "

" စန်းရှောင်း ခေါက်ဆွဲ "

" ပိုင်ဝေ စွပ်ပြုတ် "

" ရေခဲစိမ် မက်မွန်သီးတွေ "

မျက်မမြင်ကိုယ်လုပ်တော်လေး၏ ခြေလှမ်းများမှာပေါ့ပါးမြန်ဆန်နေပြီး ကြွေရောင်အသားအရေမှာရှက်သွေးဖြာနေသည့်နှင်းဆီဖျော့ရောင်လေးသမ်းနေသည့်အပြင် နတ်ပြည်ရောက်နေသကဲ့သို့ပျော်ရွှင်နေသည်မှာထင်ရှားသည် ။

ဧကရာဇ္က မျက်မမြင်ကိုယ်လုပ်တော် လေး၏နောက်မှတိတ်တဆိတ်သာလိုက်နေပြီး ကလေးတစ်ယောက်ကဲ့သို့စိတ်လူပ်ရှားပျော်ရွှင်နေသည့် မျက်မမြင်ကိုယ်လုပ်တော် လေးအားပြုံးပြုံးဖြင့်သာကြည့်နေလေ၏ ။

သူ့မျက်နှာလေးက တကယ္ကိုလွပတာပဲ!

အအေးနန်းဆောင်ထဲမှာနေတဲ့ပုံစံနဲ့ စိတ်ခံစားချက်ကအစကွာခြားသွားတာပါလား!

ဘာလို့မ်ား သူ့ကို စောစောစီးစီးမတွေ့ခဲ့ရတာပါလိမ့်?

သူ အများကြီးနစ်နာခံစားခဲ့ရမှာပဲ!

ဧကရာဇ္က တိတ်တဆိတ်သာသက်ပြင်းချမိလေသည် ။

နောက်ဆုံးမှာ သူနဲ့တွေ့ဆုံခွင့်ရခဲ့သေးလို့တော်ပါသေးတယ်!

မျက်မမြင်ကိုယ်လုပ်တော်လေးDove le storie prendono vita. Scoprilo ora