Chapter 7
Mori Sue:
TBC. ( 7)
ညမိုးချုပ်ရန်နီးလာသောအချိန်တွင် မျက်မမြင်ကိုယ်လုပ်တော်လေးမှာ အေးသလိုခံစားလာရသည် ။
" ရှောင်ပေါင် အခု မိုးချုပ်ခါနီးပြီလားဟင် "
ရှောင်ပေါင်လေးမှာ ဖြေရန်ပါးစပ်ဟလိုက်သည့်အချိန်တွင်ပင် ဧကရာဇ္က လက်ဦးမူရယူကာအမြန်ဝင်ပြောလိုက်သည် ။
" မချုပ်သေးပါဘူး နောက်ထပ်နှစ်နာရီလောက်လိုသေးတယ် "
ထိုအခါမွသာ မျက်မမြင်ကိုယ်လုပ်တော်လေး၏ ကြုတ်ထားသောမျက်ခုံးတန်းတန်းတို့မှာပြေလျှော့သွားရပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည် ။
" တော်ပါသေးရဲ့ ငါက မိုးချုပ်ရင်နန်းတော်တံခါးပိတ်သွားမှာစိုးရိမ်နေတာ "
" စိတ်မပူပါနဲ့သခင်ရယ် နွေရာသီကနေ့တာရှည်ပါတယ် ကျွန်တော်တို့အချိန်မှီပြန်ရောက်မှာပါ "
လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တွင် လက်ဖက်ရည်ဝင်သောက်ကြပြီးနောက် သကြားလုံးတချို့အပြင် အချိုမုန့်များဝယ်ပြီးချိန်၌ ကောင်းကင်ယံ၌ လရောင်ပင်လင်းထိန်နေပြီဖြစ်သည် ။ ဧကရာဇ္က မျက်မမြင်ကိုယ်လုပ်တော် လေးအားနန်းတော်သို့လမ်းလျှောက်မပြန်စေလိုသည့်အတွက် မြင်းလှည်းတစ်စီးငှားလိုက်သည် ။
မိုးချုပ်သွားပြီဖြစ်သည့်အပြင် မူန်ရီမူန်ဝါးလရောင်တစ်ခုတည်းသာရှိသောကြောင့် ဧကရာဇ္က မီးအိမ်ကိုကိုင်စွဲရင်း မျက်မမြင်ကိုယ်လုပ်တော်လေးအား အအေးနန်းဆောင်ခြံဝန်းထိပ်ထိလိုက်ပို့လေသည် ။
မျက်မမြင်ကိုယ်လုပ်တော်လေးက ဧကရာဇ္အား အလွန်ကျေးဇူးတင်နေသည် ။
" မင်းကြောင့် ငါဒီနေ့အရမ်းပျော်ခဲ့ရတယ်... ကျေးဇူးပါပဲ "
ဧကရာဇ္က ဝါးယပ်တောင်ကိုခပ်ရင်းပြန်ဖြေလိုက်သည် ။
" ဒါကဘာမှမဟုတ်ပါဘူး "
မျက်မမြင်ကိုယ်လုပ်တော်လေးက ရှောင်ပေါင်၏ လက်ထဲမှ အချိုမုန့်အိတ်ကိုယူ၍ ဧကရာဇ်အားပေးလိုက်သည် ။
VOCÊ ESTÁ LENDO
မျက်မမြင်ကိုယ်လုပ်တော်လေး
RomanceTittle- Blind Concubine ဘာသာပြန် - Mori Sue Description " မျက်မမြင်ကိုယ်လုပ်တော်လေး " တစ်ချိန်တုန်းက ခမ်းနားထည်ဝါသောနန်းတော်ကြီး၏ အအေးနန်းဆောင်အတွင်း၌ မျက်မမြင်ကိုယ်လုပ်တော်လေးတစ်ပါးရှိလေသည် ။ ထိုကိုယ်လုပ်တော်လေး၌ နှင်းကဲ့သို့ဖြူဖွေးသောကြောင် လေးတစ...