ကောင်းကင်ထက်တွင် ရွှေဝါရောင်တောက်ပနေခဲ့သော နေမင်းကြီးသည် သူ၏ တစ်နေ့တာ လုပ်ငန်းတာ၀န်ပြီးဆုံးသွားသည့်အတိုင်းအနောက်ဘက်ယွန်းယွန်းသို့ တဖြည်းဖြည်း ဝင်ေရာက်ေပျာက်ကွယ်သွားသည်။
ကျန်ရှိေနေသာ နေေရာင်ခြည် အကြွင်းအကျန်များေကြာင့်လက်ရှိတွင် လိမ္မော်နီရောင်ေတာက်ေနေသာ ကောင်းကင်ကြီးဟာ တမူထူးခြား၍ လှပလျက်ရှိသည်။
ညနေခင်းအချိန်အခါ ဖြစ်သည့်အလျှာက် လိမ္မော်နီရောင်ကောင်းကင်ကြီး၏ အောက်တွင် လူအများ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေကြသည်။
ထိုသို့သက်ဝင်လှုပ်ရှားနေမှုများသည် ထင်ရှားသည့် အထက်တန်းကျောငိးတစ်ကျောင်းဖြစ်သော En Highschool တွင်လဲ ချွင်းချက်မဟုတ်ခဲ့ပါပေ။
ညေနပိုင်းအတန်းများ ပြီးဆုံးပြီဖြစ်တာမို့ ကျောင်းဆင်းချိန်တွင် ကျောင်းသားကျောင်းသူအများစုဟာ ကျောင်းရှေ့ဘက်ဂိတ်၀သို့ အလျှိုလျှို ဦးတည်ကာ အိမ်ပြန်ဖို့ စိတ်စောနေကြသည်။
သို့သော်လည်း ကျောင်း၀င်းထဲက ပုံရိပ်နှစ်ခုဟာ အများနှင့်ဆန့်ကျင်၍ ကျောင်းအနောက်ဘက်သို့ ဦးတည်ရွေ့လျားနေကြသည်။
အတိအကျအားဖြင့် ဆိုရလျှင် ထိုပုံရိပ်နှစ်ခုဟာ အထက်တန်း ကျောင်းသားယူနီဖောင်း၀တ်ဆင်ထားသည့် ကျောင်းသားလေးနှစ်ယောက်ဖြစ်လေသည်။
ထိုကျောင်းသားလေးနှစ်ယောက်ဟာ စကားတစ်ခွန်းမှမဆိုပဲ ခြေလှမ်း ခပ်သွက်သွက်လှမ်းကာ တစ်ေနရာသို့ ဦးတည်သွားေနကြသည်။
ထိုနှစ်ယောက်အနက် အရှေ့မှ သွားနေသော ကောင်လေးမှာ စူးရှသည့် မျက်၀န်းတစ်စုံကိုပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးသည့် အသွင်ဖြစ်နေသည်။
ထိုကောင်လေး၏ အနောက်မှလိုက်နေသောကောင်လေးမှာေတာ့ အတော် အရပ်ရှည်လွန်းသဖြင့် လူကြားထဲမှာဆိုလျှင် ထင်ရှားသည့်ပုံပေါ်သည်။
အရပ်ရှည်သလောက် ဆွဲဆောင်မှုရှိသော ခြေတံရှည်ကြီးများကို ပိုင်ဆိုင်ထားသော်လည်း ကလေးဆန်သောမျက်နှာလေးပေါ်ရှိ မှည့်လေးတွေကြောင့် ပိုပြီး ချစ်စရာကောင်းနေသေးသည်။
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...