အိပ်ယာဘေးမှ နှိုးစက်သံက နှစ်ခြိုက်စွာအိပ်မောကျနေသော ဂျိတ်ခ်ကိုနှောင့်ယှက်လိုက်သဖြင့် ဂျိတ်ခ်ရဲ့ မျက်ခုံးတန်းလေးတွေတွန့်လို့သွားသော်လည်း မနိုးသွားပေ။
ထုံးစံအတိုင်း အကြိမ်ကြိမ်မည်နေသော နှိုးစကိကိုပိတ်ကာ ပြန်အိပ်နေစဉ် ပုံမှန်မဟုတ်တဲ့ သူ့အိပ်ခန်းတံခါးကိုခေါက်နေသောအသံများကြောင့် ဂျိတ်ခ် မထချင်ထချင်နှင့်နိုးလာရတော့သည်။
ထို့နောက် အိမ်တွင်ရှိသောသူနောက်တစ်ယောက်ဖြစ်သည့် သူ့အစမ်းခန့်ချစ်သူကောင်လေး ဆောင်းဟွန်းဆီမှ အသံကိုကြားလိုက်ရသောအချိန်တွင် ဂျိတ်ခ်မှာ လုံး၀ကိုနိုးကြားသွားလေပြီ။
*ဒေါက်...ဒေါက်...ဒေါက်*
"ဟန်နီရေ အခုမထရင် ကိုယ်တို့နှစ်ယောက်လုံး ကျောင်းနောက်ကျတော့မှာနော် အိပ်ယာထတော့လေ လိမ်မာပါတယ်"
ဂျိတ်ခ်က ချက်ချင်းပင်အိပ်ချင်မူးတူးလေးနှင့်ပြန်ဖြေလိုက်သည်။
"အွန်း အွန်း နိုးနေပါပြီလို့~"
တံခါးအပြင်ဘက်မှဆောင်းဟွန်းက ဂျိတ်ခ်ရဲ့ခပ်ချွဲချွဲအသံလေးကိုကြားပြီး အိပ်ယာထကာစဂျိတ်ခ်ကိုမြင်ယောင်ကာ အသည်းယားမိသွားလေသည်။
"ဒါဆိုလဲ ရေမိုးချိုးပြီး မြန်မြန်ပြင်ဆင်တော့
ကိုယ်မနက်စာပြင်ထားတယ်"
"Okay ပါ~"
ဂျိတ်ခ်က ရေချိုးခန်းထဲ ၀င်သွားရင်း သွားပွတ်တံကိုယူလိုက်ကာ စိတ်ထဲမှလဲ *မနက်အိပ်ရာနိူးသည်နှင့် ဆောင်းဟွန်းပြင်ပေးတဲ့မနက်စာစားရမှာ အရမ်းကောင်းတာပဲ* ဟုမနေနိုင်စွာတွေးမိေလသည်။
*ဟူး~ရည်းစားရှိတာအရမ်းကောင်းမှန်းအရင်ကမသိခဲ့ဘူး
ငါ့လိုရည်းစားမရှိတဲ့လူတွေရဲ့ဘ၀က အရမ်းခက်ခဲမှာပဲနော်
ဒါ့အပြင် ဆောင်းဟွန်းလိုရည်းစားကလဲမရနိုင်တော့ သူတို့ဘ၀ကြီးက ဒဘလယ်ခက်ခဲနေမှာပဲ
ကျွတ်...ကျွတ်...စိတ်မကောင်းလိုက်တာ*
ထို့နောက် မနက်စောစောစီးစီး သူ့လိုရည်းစားမရှိသူတွေအကြောင်းတွေးမိကာ စိတ်မကောင်းဖြစ်နေသူလေး ဂျိတ်အိခုမှာတော့ ထိုအကြောင်းကိုဆက်မတွေးတော့ဘဲ ဆောင်းဟွန်းအကြောင်းပဲတွေးကာ ပြုံးပြုံးကြီးနှင့် သွားဆက်တိုက်နေတော့သည်။
![](https://img.wattpad.com/cover/341422094-288-k600537.jpg)
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...