အလာတုန်းကအတိုင်းပင် အပြန်ခရီး၌လဲဂျိတ်ခ်တစ်ယောက် ဆောင်းဟွန်းကားပေါ်တွင် ထပ်မံအိပ်ပျော်သွားပြန်သည်။
ဂျိတ်ခ် တရေးအိပ်ပျော်သွားပြီး နိုးလာသောအခါ သူတို့က မြို့ထဲကိုပင် ပြန်ဝင်ရောက်ပြီးနေပြီဖြစ်ကြောင်းသိလိုက်ရသည်။
အစတွင် ဂျိတ်ခ်ကမသေချာပေါက် အိပ်ချင်မနေခဲ့သော်လည်း ယခုနိုးလာသောအခါတွင် သူဘယ်တုန်းကအိပ်ပျော်သွားမှန်းပင် မသိလိုက်ပေ။
ရုတ်တရက် ဂျိတ်ခ် ဒီနှစ်ရက်အတွင်းမှာပင် သူ့ကိုယ်သူ ငါးဆားနယ်တစ်ကောင်(ငပျင်းလေး)အဖြစ်ပြောင်းသွားပြီလားဟုတောင် သံသယဖြစ်သွားမိသည်။
သူက နောက်မှီကို တစ်ကိုယ်လုံးဖြင့် မှီထားရာမှ ထလိုက်ပြီး
လက်တွေကိုအနည်းငယ်မြှောက်လျက် ခါးကိုဆန့်ရင်း အကြောလျှော့လိုက်ကာ ပျင်းရိစွာဖြင့် သမ်းဝေလိုက်သည်။သူ့ခါးကိုဆန့်လိုက်သဖြင့် ၀တ်ထားသောရှပ်အကျီအောက်ဖျားမှာအပေါ်သို့တက်သွားပြီး ဖြူဖွေးသော ခါးလေးကတစ်စွန်းတစ်စ ပေါ်သွားလေသည်။
သမ်းဝေထားသဖြင့် ဂျိတ်ခ်ရဲ့ မျက်ဝန်းနားတစ်ဝိုက်တွင် မျက်ရည်များဖြင့် စိုစွတ်နေပြီး အိပ်ထားသောကြောင့် အကျီကော်လာက လျော့တိလျော့ရဲဖြစ်နေကာ ညှပ်ရိုးတစ်စုံကို ပိုပြီး ပေါ်လွင်သွားစေသည်။
ခေါင်းပေါ်မှဆံပင်လေးများကလဲ အနည်းငယ်ပွယောင်းနေကာ အိပ်ချင်မူးတူးလေးဖြစ်နေသေးသော်လည်း ထိုသို့ ကပိုကရိုလေးနှင့် ချစ်စရာကောင်းနေသောပုံစံလေးကပင် လူတွေကို သူ့အား အနိုင်ကျင့်ပစ်ချင်စိတ်ပေါက်လာစေရန် လှုံ့ဆော်ပေးနေသလိုပင်။
ဂျိတ်ခ်နိုးလာထဲက ဘေးကလူကိုသာအာရုံစိုက်ထားသော ဆောင်းဟွန်းခမျာ ထိုမြင်ကွင်းကို မျက်လုံးထောင့်မှ မြင်လိုက်ရပြီး သူ့လည်စိက အပေါ်အောက်လှုပ်ရှားသွားသည်။
ဆောင်းဟွန်းက အာရုံလွှဲလိုက်ပြီး အရှေ့ကလမ်းမကိုသာ တည့်တည့်ပြန်ကြည့်ကာ ခြောက်သွေ့သွားသော နှုတ်ခမ်းကို တစ်ချက်သပ်လိုက်သည်။
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...