ဆောင်းဟွန်းကဆေးရုံပြန်ရောက်သည့်အခါတွင် ဟီဆွန်းနှင့် ဂျေးတို့တွေက ဂျိတ်ခ်တို့အား နှုတ်ဆက်ပြီး ပြန်သွားလေသည်။
ဂျိတ်ခ်ကကုတင်ခေါင်းရင်းကိုမှီထိုင်နေရင်း အခန်းထဲဝင်လာတဲ့ဆောင်းဟွန်းကို ပြုံးပြုံးလေးကြည့်နေလေသည်။
"ကိုကို~"
ချစ်ရသူရဲ့ အပြုံးလေးနဲ့ သူ့ကိုခေါ်သံလေးဟာ ဆောင်းဟွန်းအတွက် ချိုမြတဲ့အသီးဝိုင်လေးတစ်ခွက် သောက်လိုက်ရသလို ယစ်မူးပျော်ဝင်သွားစေနိုင်သည်။
ဆောင်းဟွန်း မျက်ဝန်းက ဂျိတ်ခ်ကိုကြည့်ရင်း နူးညံ့မှုတွေနဲ့ပြည့်နှက်သွားကာ သူ့နှုတ်ခမ်းစွန်းတွေကကော့တက်လို့သွားပြီး ပါးတစ်ဖက်မှပါးချိုင့်လေးအား လှစ်ခနဲပေါ်လာစေသည်။
ဆောင်းဟွန်းကကုတင်ဘေးနားရှိ လူနာစောင့်ခုံတွင် ၀င်ထိုင်လိုက်ပြီး ဂျိတ်ခ် လက်လေးကိုတယုတယကိုင်လျက် လက်ဖမိုးလေးကိုနမ်းလိုက်သည်။
"ဟန်နီ အနားမယူသေးပဲ ဘာလို့ ကိုယ့်ကိုစောင့်နေတာလဲ"
"စောင့်ရမှာပေါ့ ဟန်နီ့ကောင်လေးကမှ ပြန်မလာသေးတာ
ဒီနေ့အတွက် လုပ်အားခတောင်မရှင်းပေးရသေးဘူး"
ဂျိတ်ခ်က ကျီစယ်ဟန်လေးဖြင့်ပြောကာ ဆောင်းဟွန်းကို လက်ယပ်ခေါ်လိုက်လေသည်။
ဆောင်းဟွန်းက *မနိုင်ဘူး*ဆိုသည့်ပုံနှင့် ဂျိတ်ခ်ကို သဘောကျစွာကြည့်လိုက်ပြီး ရှေ့တိုးကာ ကုတင်ပေါ်တွင် ပြောင်းထိုင်လိုက်သည်။
ဂျိတ်ခ်က ဆောင်းဟွန်းကော်လာနှစ်ဖက်ကနေကိုင်လျက် အရှေ့သို့ဆွဲယူလိုက်ရင်း နှုတ်ခမ်းပေါ်သို့ အကြင်နာပေးလိုက်သည်။
*ပြွတ်စ်*
ထို့နောက် နီးကပ်နေသည့် မျက်နှာချင်းပြန်မခွာရသေးခင်ပင် သူ့ရဲ့လည်တိုင်အား အနည်းငယ်ဆန့်လျက် ဆောင်းဟွန်း နဖူးထက်သို့ အနမ်းခြွေလိုက်ပြန်သည်။
*မွ*
ဆောင်းဟွန်းက အနည်းငယ် ကြောင်အနေသည်အား ဂျိတ်ခ်တစ်ယောက် အခွင့်ကောင်းယူကာ ဆောင်းဟွန်းရဲ့ မျက်နှာတစ်ခုလုံးအား ခွေးပေါက်လေးတွေအနံ့ခံသလို တရှုံ့ရှုံ့လိုက်နမ်းနေသည်။
![](https://img.wattpad.com/cover/341422094-288-k600537.jpg)
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...