᯽6(U)᯽

969 111 28
                                    

ဂျိတ်ခ်တို့နှစ်ယောက်ဟာ မနက် 2နာရီလောက်ထိ ကမ်းခြေမှာ စကား‌ေလးတ‌ေပြာ‌‌ေပြာနှင့် အချိန်ဖြုန်းခဲ့ကြပြီးမှသာ နားဖို့ ဆုံးဖြတ်လိုက်ကြသည်။

ထိုတစ်ညထဲမှာတင် ဂျိတ်ခ်က သူ့ဘ၀တစ်လျှောက်လုံးအတွက်စကားအများဆုံးပြောဖူးခြင်းပင်ဖြစ်သည်။

ဆောင်းဟွန်းလိုအေးစက်တဲ့ပင်ကိုယ်စရိုက်ရှိသူဆိုလျှင် ပို၍ပင်ဆိုးသေးသည်။

သို့သော်လည်း စကားများများပြောလေ တစ်ယောက်အကြောင်းတစ်ယောကိပိုသိလာလေဖြစ်ပြီး အတူတူရှိလေ ပိုပြီးသက်တောင့်သက်သာဖြစ်လေ ဖြစ်လာသည်မို့ နှစ်ယောက်စလုံးမှာအချိန်ကုန်လို့ကုန်မှန်းပင်မသိလိုက်ကြပေ။

ဂျိတ်ခ်က အနည်းငယ် သမ်းဝေစပြုလာကာမှ ဆောင်းဟွန်းမှာလဲ အိပ်စက်အနားယူဖို့သတိရတော့လေသည်။

နဂိုမူလထဲက ဤကမ်းခြေတွင် ဆောင်းဟွန်းတို့ Park Group ပိုင် Hotel ရှိသော်လည်း ဆောင်းဟွန်းကမူ ဂျိတ်ခ်အနားယူဖို့ရာအတွက် သူတို့မိသားစုပိုင် သီးသန့်အပန်းဖြေဗီလာသို့သာခေါ်သွားလေသည်။

ထိုအပန်းဖြေဗီလာမှာ နှစ်ထပ်မျှသာရှိသော်လည်း အကျယ်မှာ အတော်အတန်ကျယ်၀န်းပြီး ဇိမ်ခံပစ္စည်းများဖြင့်ပြည့်နှက်နေသည့် အပန်းဖြေစံအိမ်သာဖြစ်သည်။

ဗီလာကို လှည့်ပတ်ကြည့်ရင်း ဂျိတ်ခ်က အံ့သြကျေနပ်နေသလို ဆောင်းဟွန်းကလဲ စိတ်လှုပ်ရှားနေမိသည်။

ဒီလို အချိန်မတော်ကြီး၌ ဗီလာတစ်ခုလုံးတွင် သူတို့နှစ်ဦးတည်းသာရှိနေသည်ဆိုသောအချက်ကပင် ဆောင်းဟွန်းလည်ချောင်းတွေခြောက်သွေ့လာစေရန်လုံလောက်ပေသည်။

သူ့ပုံစံက အပြင်ပန်းကသာတည်ငြိမ်၍မင်မပျက်ရှိနေသော်လည်း  အတွင်းစိတ်ထဲတွင် မိဘများမရှိခိုက် ချစ်သူကို ပထမဆုံးအိမ်သို့ခေါ်လာရသည့်  ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လို ခံစားနေရသည်။

ဆောင်းဟွန်းက စိတ်ထဲတွင်လည်း ဂျိတ်ခ်သာမအိပ်ချင်သေးရင် ဒီညသူတို့နှစ်ယောက်တည်း စိတ်လှုပ်ရှားစရာ activitiesလေးတွေလုပ်ရင်း အပန်းဖြေနိုင်သည် ဟု တွေးနေလေသည်။


𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪  [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪] Donde viven las historias. Descúbrelo ahora