᯽3 (U)᯽

869 120 14
                                    

ဂျယ်နီတစ်ယောက် ငိုယိုပြီးပြေးထွက်လာကာ သူ့ကိုလာကြိုတဲ့ ကားပေါ်တက်လိုက်သည်မို့ ကားမောင်းသူက စိုးရိမ်သွားသည်။

"မမလေး ဘာဖြစ်တာလဲခင်ဗျ"

"ဟင့်အင်း ဘာမှမဟုတ်ပါဘူး ကျွန်မကို အိမ်ပဲမြန်မြန်ပို့ပေးပါနော်"

ကားမောင်းသူက နာကျင်နေတာတောင် အားတင်းရင်း ပြုံးပြနေသော ကောင်မလေးကို ကြည့်ရင်း ဂရုဏာသက်ကာ သူပြောသမျှကို ချက်ချင်း လိုက်လုပ်ပေးတော့သည်။

ဂျယ်နီက ထိုသို့ပင် မျက်နှာနှစ်ဖက်နှင့် လူမျိုးဖြစ်သည်။

နူးညံ့သိမ်မွေ့ပြီးနှစ်လိုဖွယ်ရာကောင်းတဲ့ကောင်မလေးမို့ ရှင်းမ်အိမ်တော်ရဲ့ ပုလဲရတနာလေးဖြစ်နေသည်။

အိမ်တော်ရဲ့ အလုပ်သမားများကအစ ယဉ်ကျေးသောကောင်မလေးကိုပဲ အချစ်ပိုကြပြီး အမြဲလိုလို ပြဿနာရှာနေတတ်သော သားဖြစ်သူကို ဂရုမစိုက်ဘဲ ဖယ်ကျဉ်ထားကြသည်။

ရှင်းမ်မျိုးရိုးရဲ့ တကယ့် မျိုးဆက်က အပယ်ခံဖြစ်နေတာက အနည်းငယ်တော့ ရင်နာဖို့ကောင်းသော်လည်း ဘယ်သူက အထူးတလည် ဂရုစိုက်ပါ့မလဲ။

အလုပ်သမားတွေအဖို့ သူတို့ရဲ့တကယ့်သခင်ကို သတ်မှတ်ပြီးသားဖြစ်နေပြီး ရှင်းမ်ဂျိတ်ခ်ဆိုတဲ့တစ်ယောက်ကတော့ သူပိုင်‌ေသာ အိမ်တွင် အပိုလူတစ်ယောက်သာ။

အစတည်းက မွန်းဂျယ်နီ၏ မိခင်  ဂန်ဆောဂျင်း နှင့် ဂျိတ်ခ်၏ ဖခင် ရှင်းမ်မြောင်ဆူ က ငယ်ချစ်တွေဖြစ်ကြသည်။

ကံကြမ္မာကြောင့် သူတို့နှစ်ယောက်က မညားခဲ့ဘဲ  ရှင်းမ်မြောင်ဆူက ရှင်းမ်Groupကို ကယ်တင်ရန် ချမ်းသာသော ဂျိတ်ခ်၏ မိခင် ဆိုဖီယာနဲ့ လက်ထပ်ခဲ့ခြင်းပင်။

ဂျိတ်ခ်မိခင်ဘက်က ဩစီမှာ နေကြသော ကိုရီးယားလူမျိုးများဖြစ်ကြပြီး ချမ်းသာကြွယ်၀မှုကတော့ မျိုးရိုးစဉ်ဆက် စားလို့ပင်မကုန်နိုင်လောက်အောင် ဖြစ်သည်။

ဆိုဖီယာနှင့် လက်ထပ်ပြီး ရှင်းမ်မြောင်ဆူက ဩစီကို လိုက်လာသော်လည်း သူ့ဖခင်၏ ရှင်းမ် Group ကို ဆိုဖီယာတို့ မိသားစုမှအကူအညီများစွာပေးခဲ့သည်။

𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪  [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪] Where stories live. Discover now