ဟီဆွန်းနှင့်ညစာစားပြီးနောက် ဂျိတ်ခ်တို့နှစ်ယောက်က ဂျိတ်ခ်အိမ်သို့ပြန်လာကြသည်။
အိမ်ထဲရောက်သည်နှင့် ဂျိတ်ခ်က အိမ်တွင်းစီးဖိနပ်အပါးလေးကိုလဲလိုက်ပြီး သူ့ရှေ့မှဆောင်းဟွန်းကျောပြင်ကိုပြေးဖက်လိုက်ကာ ဆောင်းဟွန်းပုခုံးတွင် မျက်နှာအပ်လျက်ခေါင်းလေးမှီထားလိုက်သည်။
ဂျိတ်ခ်ကို နောက်ကျောပေးထားသည့် ဆောင်းဟွန်းမျက်နှာထက်တွင်တော့ မဖုံးနိုင်မဖိနိုင်သောအလိုအလျှောက်အပြုံးအကြီးကြီးပေါ်ပေါက်လာသော်လည်း ချက်ချင်းပင် ရုပ်ပြန်တည်လိုက်လေသည်။
ဆောင်းဟွန်းက သူ့ခါးပေါ်က ဂျိတ်ခ်လက်လေးကို သူ့လက်များဖြင့် အုပ်ကိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ ဂျိတ်ခ်?"
ဂျိတ်ခ်က ဆောင်းဟွန်းကျောပြင်တွင်မှီတွယ်လျက် ဆောင်းဟွန်းခါးကို ကိုအာလာလေးတစ်ကောင်လိုတင်းကြပ်စွာဖက်တွယ်ထားလေသည်။
ထို့နောက် ဆောင်းဟွန်းပုခုံးအား သူ့နှုတ်ခမ်းလေးဖြင့် နမ်းလိုက်ပြီး အနည်းငယ် ဂျီကျသလိုအသံလေးနှင့်ချိုသာစွာပြောလသည်။
"ဂျိတ်ခ်မဟုတ်ပါဘူး ဟန်နီလို့ခေါ်~"
ဆောင်းဟွန်းကအနောက်လှည့်ပြီး သူ့အနောက်က အကောင်ပေါက်လေးကို ပွေ့ဖက်နမ်းပစ်လိုက်ချင်စိတ်ကို မနည်းထိန်းချုပ်ထားပြီး ပြန်တုံ့ပြန်လိုက်သည်။
"ဂျိတ်ခ်ဟုတ်ပါတယ် ခုနက အီသန်ဆိုတဲ့ အစ်ကိုကတောင် ကလေးစုတ်လေး ဂျိတ်ခ်ဆိုပြီးခေါ်တာ ကိုယ်ကြားလိုက်သေးတယ်"
ဂျိတ်ခ်က သူ့ချစ်သူရှာလကာရည်အိုးကြီးအား ရယ်ချင်သွားကာ ပြန်မဖြေသေးဘဲ အနောက်ကနေဆောင်းဟွန်းလည်တိုင်ကို တရှုံ့ရှုံ့ဖြင့်နမ်းလိုက်သည်။
ဂျိတ်ခ်ရဲ့ ခွေးပေါက်လေးအစာအနံ့ခံသလိုအနမ်းသေးသေးလေးတွေကြောင့်ဆောင်းဟွန်းနှလုံးသားထဲတွင် ပုရွက်ဆိတ်အကောင်လေးများဖြတ်ပြေးနေကြသကဲ့သို့ ယားယံလာသည်။
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...