နှစ်ေယာက်သားလက်တွဲကာလမ်းလျှောက်နေရင်း အတန်ကြာတွင် ကမ်းခြေ၌ ရပ်ထားသောကားရှိရာသို့ ပြန်လာခဲ့ကြသည်။
မထူးဆန်းစွာပင် အပြန်လမ်းတွင်လဲ ဆောင်းဟွန်းကဂျိတ်ခ်လက်ကိုမလွှတ်ေပးလာခဲ့ပေ။
ကားဆီသို့ရောက်သည့်အခါတွင် ကားအတွင်းပြန်၀င်မည်ဟုဂျိတ်ခ်ကထင်လိုက်သော်လည်း ဆောင်းဟွန်းက ကားရှေ့ဖုံးပေါ်ထိုင်ချလိုက်ေလသည်။
သူတို့ကလက်တွဲထားသောကြောင့် ဂျိတ်ခ်ကလဲအံ့သြချိန်ပင်မရလိုက်ဘဲ အလိုအလျှောက် ဆောင်းဟွန်းဘေးတွင် လိုက်ထိုင်ချလိုက်ရသည်။
ဘေးချင်းယှဥ်ထိုင်လိုက်ပြီးေနာက် ဆောင်းဟွန်းက ဂျိတ်ခ်လက်ကလေးကိုနှမြောတသစွာလွှတ်ပေးလိုက်ရပြီး ဂျိတ်ခ်စိတ်ထဲတွင်လဲ တစ်ခုခုလစ်ဟာသွားသလိုခံစားလိုက်ရသည်။
သို့သော်လည်းနှစ်ယောက်လုံးကအပြင်ပန်းတွင်အမူအရာမပျက်ရှိနေလေသည်။
ဂျိတ်ခ်ကထိုင်နေသည့်အနေအထားကိုပြင်ရန် သူ့ခြေထောက်တွေကိုပါတင်လိုက်ကာ ဒူးနှစ်ဖက်ထောင်၍ ဒူးတွေကိုပြန်ပိုက်ထားကာ ခပ်ကွေးကွေးလေးထိုင်နေလိုက်သည်။
ဂျိတ်ခ်ကနဂိုထဲကဆောင်းဟွန်းနဲ့ယှဉ်လိုက်ရင် ပုံမှန်ထက် အနည်းငယ် သေးငယ်သွားတတ်ပါတယ်ဆိုကာမှ ယခုလိုလေးေနေနတော့ ပိုပြီးသေးသေးလေးဖြစ်လို့နေသည်။
ဆောင်းဟွန်းက သူ့ဘေး ကောင်လေး၏သေးသေးကွေးခန္ဓာကိုယ်လေးကိုကြည့်ပြီး အိတ်ကပ်ထဲပဲကောက်ထည့်ရမလို ဒီတိုင်းလေးပဲကောက်ချီလိုက်ရမလိုနဲ့ *အသည်းယားပြီး သေတော့မယ်*ဟုသာစိတ်ထဲကနေအော်ဟစ်နေနိုင်တော့သည်။
ဂျိတ်ခ်ကတော့ သူ့ကိုယ်သူအရမ်းချစ်ဖို့ကောင်းနေမှန်းမသိပါဘဲ ကြယ်တွေစုံနေတဲ့ကောင်းကင်ကြီးကိုသာငေးမောကြည့်နေမိသည်။
ဆောင်းဟွန်းအတွက်ကတော့ ကြယ်တွေစုံတဲ့ကောင်းကင်ကြီးကလှပသော်လည်း သူ့နံဘေးက ကောင်လေးလောက်တော့မလှပနိုင်ပါပေ။
ဂျိတ်ခ်ကကြယ်တွေကိုငေးနေပြီး ဆောင်းဟွန်းက ဂျိတ်ခ်ကိုပဲထိုင်ငေးနေသည်။
YOU ARE READING
𝘽𝙖𝙙𝙡𝙮 𝙬𝙖𝙣𝙣𝙖 𝙠𝙞𝙨𝙨 𝙮𝙤𝙪 [ 𝙥.𝙨. 𝙞 𝙡𝙪𝙫 𝙪]
Fanfictionချစ်မိသွားမှာကြောက်တဲ့ကောင်လေးရယ် အဲ့ဒီကောင်လေးပြန်မချစ်မှာကြောက်တဲ့ကောင်လေးရယ် တကယ်ပဲဘယ်လိုဆက်ဖြစ်မှာလဲ? အကယ်၍ ချစ်မိသွားခဲ့တဲ့အခါ မင်းကမ္ဘာကြီးက အချစ်မြစ်ထဲနစ်မြုပ်လို့သွားလိမ့်မယ် အဲ့ဒါက ပြန်လမ်းမရှိဘဲ မင်းကို တဖြည်းဖြည်းပျော်၀င်သွားစေဖို့ပဲတတ်...